Tuesday, November 20, 2012

Microsoft Outlook.com email အကြောင်း သိကောင်းစရာ











http://myanmarinternetjournal.com  အင်တာနက်ဂျာနယ် အတွဲ(၁၃) အမှတ်(၃၁) မှတဆင့် Share လုပ်ထားခြင်းဖြစ်ပါတယ်...

နည်းပညာနယ်ပယ်ရှိ အရာအားလုံးနီးပါးဟာ လျှင်မြန်တဲ့နှုန်းနဲ့ ပြောင်းလဲလျက်ရှိနေတဲ့အချိန်မှာ e-mail ကတော့ ယခင်အတိုင်း မပြောင်းလဲဘဲ တည်ရှိနေပါတယ်။ Google ကုမ္ပဏီက ၂၀၀၄ ခုနှစ်မှာ Gmail ကို စတင်မိတ်ဆက်ပေးခဲ့ချိန်မှာတော့ e-mail ဟာ ပြောင်းလဲလာခဲ့ပေမယ့် browser အခြေခံဝန်ဆောင်မှုများဖြစ်တဲ့

Hotmail, Yahoo နဲ့ AOL တို့ကတော့ interface ပြောင်းလဲမှုကဲ့သို့သော ပြောင်းလဲမှုအနည်းမျှသာ ပြုလုပ်ခဲ့ကြပါတယ်။ အသစ်မိတ်ဆက်ပေးလိုက်တဲ့ Outlook.com e-mail မှာတော့ Microsoft ဟာ အသုံးပြုသူရဲ့အမြင်ကို ပြောင်းလဲနိုင်ရန် ကြိုးပမ်းထားပါတယ်။ Hotmail ရဲ့နေရာကို အစားထိုးပြုလုပ်ထားပြီး အခမဲ့အသုံးပြုထားပြီး Skydrive နဲ့ social media တို့ကို ပေါင်းစပ်ထည့်သွင်းပေးထားကာ အသစ်ပြောင်းလဲမှုများစွာကိုလည်း ပြုလုပ်ထားပါတယ်။ Interface အနေနဲ့ Windows 8 Metro ပုံစံကို အများစုအသုံးပြုထားပါတယ်။

Outlook.com ကို ဘယ်တော့အသုံးပြုလို့ရမလဲ
လက်ရှိမှာ Outlook.com ဟာ preview mode အဆင့်သာရှိပေမယ့်လည်း လက်ရှိ Hotmail user များအနေနဲ့ ပြောင်းလဲအသုံးပြုနိုင်သလို user အသစ်များအနေနဲ့လည်း @Outlook.com account သစ်ရယူပြီး အသုံးပြုနိုင်ပါတယ်။ Hotmail.com သို့လည်း ပြောင်းလဲအသုံးပြုနိုင်ပေမယ့် Outlook.com ရဲ့အသွင်အပြင်သစ်နဲ့ အသားကျဖို့တော့လိုပါတယ်။ Microsoft ကုမ္ပဏီဟာ user များကို Outlook ထံ ပြောင်းလဲအသုံးပြုဖို့ အတင်းအကြပ်တိုက်တွန်းထားခြင်း မရှိသေးပေမယ့် အနာဂတ်ကာလမှာ Hotmail နေရာကို Outlook.com နဲ့အစားထိုးမယ်လို့ ဆိုထားပါတယ်။ Account သစ် ဖန်တီးပြုလုပ်တဲ့အခါမှာ password များအတွက် space များကို အထောက်အပံ့မပေးထားဘဲ ယခင် Live.com က အထောက်အပံ့မပေးထားတဲ့ စာလုံးအကြီးအသေးရောထားတဲ့ captcha ကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

Interface
Microsoft ဟာ Outlook.com ဒီဇိုင်းကို ခေတ်ဆန်ပြီးသပ်ရပ်ကာ လတ်ဆတ်တဲ့ဒီဇိုင်းအဖြစ် အမွှမ်းတင်ပြောကြားထားပါတယ်။ အသုံးပြုသူများဟာ color palette များကို ပြောင်းလဲအသုံးပြုနိုင်ပြီး ပြောင်းလဲအသုံးပြုလိုတဲ့ အရောင်များကို Screen ထိပ်ဘက်မှာရှိတဲ့ Commands bar ရဲ့ စက်သွားပုံသဏ္ဍန် settings options မှာတွေ့မြင်နိုင်ပါတယ်။ Outlook.com mail ထံ log in ၀င်ရောက်လိုက်တာနဲ့ အသုံးဝင်ပြီး အကျိုးရှိစေမယ့် feature များကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Inbox စာမျက်နှာရဲ့ အလယ်တည့်တည့်မှာ ပေးပို့သူအမည်၊ အကြောင်းအရာနဲ့ ပေးပို့တဲ့ရက်စွဲတို့ပါ၀င်တဲ့ message များကို တွေ့ရမှာဖြစ်ပါတယ်။ Message များကို ရွေးချယ်ရာတွင် message ရဲ့ဘယ်ဘက်မှာရှိတဲ့ check box တစ်ခုချင်းစီ click လုပ်ကာ ရွေးချယ်နိုင်ပါတယ်။ Gmail ကဲ့သို့ message ကို ဖွင့်စရာမလိုဘဲ ဖတ်နိုင်မယ့် preview pane ကိုထည့်သွင်းပေးထားတဲ့အတွက် ၎င်းကိုအသုံးပြုပြီး inbox နဲ့ Folder များကို သီးခြား scroll လုပ်နိုင်မှာ ဖြစ်ပါတယ်။

Message များကို စနစ်တကျစုစည်းခြင်း
Outlook.com မှာ message တစ်ခုပေါ်၌ mouse ကိုတင်လိုက်တဲ့အခါ "instant action" command များကိုတွေ့ရပါမယ်။ ၎င်း command များကတော့ message ကို unread, flag နဲ့ delete လုပ်နိုင်မယ့် သေးငယ်တဲ့ မီးခိုးရောင် icon များဖြစ်ပါတယ်။ Click တစ်ချက်နှိပ်ရုံနဲ့ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်မယ့် အဆိုပါ icon များကို default အနေနဲ့ ထည့်သွင်းထားပေမယ့် "marking the message as junk" လိုမျိုး လုပ်ဆောင်ချက်များနဲ့ အစားထိုးပြုလုပ်ထားနိုင်ပါတယ်။ ၎င်း icon များကို အစားထိုးအသုံးပြုလိုတဲ့အခါမှာ စက်သွားပုံသဏ္ဍန် setting options မှာရှိတဲ့ More mail settings ရဲ့ Instant Action မှာပြုလုပ်နိုင်ပါတယ်။ Message တွေကို Flag လုပ်ထားတဲ့အခါမှာ အဆိုပါ mesage များကို inbox ရဲ့ထိပ်ဘက်မှာ သီးခြားကဏ္ဍအနေနဲ့ ဖော်ပြထားသလို Hide ကိုနှိပ်ပြီး message ကို ဖျောက်ထားနိုင်ပါတယ်။ ပေးပို့သူရဲ့အမည်ပေါ်သို့ mouse ကိုတင်လိုက်တဲ့အခါမှာတော့ command တွေပါ၀င်တဲ့ pop-up menu ပေါ်လာပြီး အဆိုပါပေးပို့သူထံ e-mail ပို့ခြင်းနဲ့ ပေးပို့သူနဲ့သက်ဆိုင်တဲ့ e-mail များရှာဖြွေခင်း၊ message များရွှေ့ခြင်း၊ အပြီးသတ်ဖျက်ပစ်ခြင်း စတာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Inbox ရဲ့ဘယ်ဘက်ခြမ်းမှာရှိတဲ့ ကော်လံမှာတော့ default အနေနဲ့ပါ၀င်လာတဲ့ Junk, Sent, Draft နဲ့ အသုံးပြုသူဖန်တီးထားတဲ့ folder တို့ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Message များကို folder တစ်ခုအတွင်းသို့ ရွှေ့လိုတဲ့အခါမှာ အဆိုပါ message ကို drag လုပ်ပြီး folder အတွင်းသို့ ဆွဲထည့်ခြင်းဖြင့်လည်းကောင်း၊ Message ဘေးရှိ check box ကိုနှိပ်ပြီး screen ထိပ်ဘက်မှာရှိတဲ့ "Move to" command ကိုအသုံးပြုခြင်းဖြင့်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ Folder list ရဲ့ အောက်ဘက်မှာတော့ အသုံးတည့်စေမယ့် "Quick View" section ကိုတွေ့ရမှာဖြစ်ပြီး၊ message တွေကို အမျိုးအစားခွဲခြားကာ စုစည်းထားနိုင်မှာ ဖြစ်ပါတယ်။ Folder နဲ့မတူတဲ့အချက်ကတော့ အဆိုပါ e-mail များကို (Documents, Flagged, Photos, Shipping updates) စသည်ဖြင့် အမျိုးအစားခွဲခြားထားရင်တောင်မှ inbox ထဲမှာ ဆက်လက်မြင်တွေ့နိုင်ခြင်းဖြစ်ပါတယ်။ ယင်းကဲ့သို့ အမျိုးအစား ခွဲခြားထားခြင်းအတွက် Outlook.com မှာပါ၀င်တဲ့ filtering စနစ်ကနေ ဓာတ်ပုံများ၊ စာရွက်စာတမ်းများနဲ့ shipping tracking number တွေပါ၀င်တဲ့ မည်သည့် message ကိုမဆို အလိုအလျောက် ခွဲခြားပေးမှာဖြစ်ပါတယ်။ အသုံးပြုသူများအနေနဲ့ ကိုယ်ပိုင် category ကိုဖန်တီးထားနိုင်ပေမယ့် message ကို drag and drop လုပ်ပြီး ထည့်သွင်းနိုင်ခြင်းမရှိပါဘူး။

Message များကို ပေးပို့ခြင်းနှင့် ဖတ်ရှုခြင်း
Screen ထိပ်ဘက်ပိုင်းမှာရှိတဲ့ commands bar နဲ့ message တစ်ခုကို ဖွင့်လိုက်တဲ့အခါမှာ သက်ဆိုင်ရာလုပ်ဆောင််ချက်များဖြစ်တဲ့ reply, delete နဲ့ mark as junk စတာတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။ Command bar မှာပျောက်နေတာကတော့ inbox ကိုပြန်သွားတဲ့ ခလုတ်ဖြစ်ပါတယ်။ Inbox ကို ဘယ်ဘက်ကော်လံမှာရှိတဲ့ Inbox ကိုနှိပ်ကာ ပြန်သွားနိုင်ပေမယ့် folder list တွေ များလာတဲ့အခါမှာတော့ အခက်တွေ့နိုင်ပါတယ်။ Message တွေကို တစ်စောင်ပြီးတစ်စောင် ဖတ်လိုတဲ့အခါမှာ screen ညာဘက်ထပ်မှာရှိတဲ့ မြှားတွေကိုနှိပ်ပြီး ဖတ်နိုင်သလို print ထုတ်ခြင်း၊ ပေးပို့သူရဲ့ အသေးစိတ်အချက်အလက် ကြည့်ခြင်းတို့အတွက် "Actions" pull-down menu ကိုနှိပ်ပြီး ပေါ်လာတဲ့ option တွေကနေ ပြုလုပ်နိုင်ပါတယ်။ Gmail လိုပဲ Outbook မှာ message တွေကို group လုပ်ထားနိုင်ပြီး အကယ်၍ inbox မှာ message အရေအတွက် တိုးပွားလာမှုကို ဂရုမပြုပါက အဆိုပါ feature ကိုပိတ်ထားနိုင်ပါတယ်။ အကယ်၍ ၀င်ရောက်လာတဲ့ message တစ်စောင်ဟာ အသုံးပြုသူနဲ့ သိကျွမ်းသူဆီက ပေးပို့လိုက်တဲ့ message ဖြစ်ပါက Outlook.com ဟာဓာတ်ပုံတွေကို e-mail ရဲ့ body မှာ တိုက်ရိုက်ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဆိုပါဓာတ်ပုံတွေကို quick slideshow အနေနဲ့ဖွင့်ခြင်း၊ တစ်ခုချင်းစီ download ပြုလုပ်ခြင်း၊ group အနေနဲ့သိမ်းဆည်းခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။ ယင်းကဲ့သို့ပြုလုပ်နိုင်ဖို့အတွက် Microsoft Silverlight ကိုထည့်သွင်းထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် You Tube မှာ Video link များကိုလည်း e-mail နဲ့ HTML message များမှထွက်စရာမလိုဘဲ video player တစ်ခုနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Office Web app များကို ပေါင်းစပ်ထည့်သွင်းထားတာကြောင့်လည်း Word, Excel နဲ့ PowerPoint ဖိုင်များကိုဖွင့်ခြင်း၊ ဝေမျြှခင်းနဲ့ ပြင်ဆင်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ Cloud သိုလှောင်မှုအနေနဲ့ Skydrive ကို ပေါင်းစပ်ထည့်သွင်းထားတာကြောင့် 7GB အထိ သိမ်းဆည်းထားနိုင်တဲ့အတွက် Message တစ်ခုမှာ attachment 300MB အထိ လက်ခံပေးထားပါတယ်။ Message ပေးပို့ပုံကတော့ ရိုးရှင်းပါတယ်။ Screen ထိပ်ဘက်ပိုင်းမှာ ရှိတဲ့ + သင်္ကေတကို click လုပ်ပြီး စာရေးခြင်းကို ပြုလုပ်နိုင်ပါတယ်။ လက်ခံမယ့်သူများကို ထည့်သွင်းတဲ့အခါမှာ e-mail မကြာခဏပို့လေ့ရှိသူများရဲ့ contact စာရင်းကို တွေ့ရမှာဖြစ်ပြီး autocomplete feature ပါ၀င်တဲ့အတွက် လက်ခံမယ့်သူရဲ့ လိပ်စာကို အပြည့်အစုံရိုက်စရာမလိုဘဲ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

မလိုအပ်သည့် message များကို ရှင်းလင်းခြင်း
Microsoft ဟာ Outlook.com အတွက် spam message ထိန်းချုပ်မှုသစ်များကို ထည့်သွင်းပေးထားပါတယ်။ Newsletters, daily deals, online realiers မှအထူးကြေညာချက်များကဲ့သို့သော message များ ၀င်ရောက်လာတဲ့အခါမှာ Schedule Cleanup option ကိုအသုံးပြုပြီး ပေးပို့သူထံမှရောက်လာတဲ့ message အားလုံးကို ချက်ချင်းဆိုသလို ဖျက်နိုင်မှာဖြစ်ပါတယ်။ Spam ကာကွယ်မှုမှာတော့ junk mail filter သတ်မှတ်ခြင်း၊ အမည်မသိ ပေးပို့သူများရဲ့ message များကို block လုပ်ခြင်း စတာတွေပါ၀င်လာပါတယ်။

People hub နှင့် Skype
Outlook.com မှာ ဆက်သွယ်မှုများကို စီမံထိန်းချုပ်ရန်အတွက် Windows 8 နဲ့ Windows Phone ကဲ့သို့ People hub ကိုအသုံးပြုထားပါတယ်။ ဆက်သွယ်မှုတစ်ခုစီမှာ ကုမ္ပဏီ၊ လိပ်စာ၊ နာမည်၊ ဓာတ်ပုံ စတာတွေကို ဖြည့်စွက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Outlook.com account နဲ့ Facebook, Twitter, Google, Flickr, LinkedIn စတဲ့ social media တွေနဲ့ချိတ်ဆက်နိုင်ပါတယ်။ Contacts list တွင် Facebook ပေါ်မှ သူငယ်ချင်းများကို မြင်တွေ့ရမှာဖြစ်သလို ၎င်းတို့၏ wall ပေါ်တွင် post တင်ခြင်း၊ Facebook message ပို့ခြင်း၊ instant message ဖြင့် chat ခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် Skype ပေါင်းစပ်ထည့်သွင်းမှုကိုတော့ အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။ Twitter ကို ပေါင်းစပ်ထည့်သွင်းထားတဲ့အတွက် Outlook.com ကနေ သူငယ်ချင်းများထံ tweet လုပ်နိုင်သလို ၎င်းတို့ရဲ့ tweet များကိုလည်း e-mail များနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဆက်သွယ်မှုများကိုရှာဖွေရာမှာ တိုက်ရိုက်ရှာဖွေနိုင်သလို အက္ခရာအစဉ်လိုက်အနေနဲ့လည်း ရှာဖွေနိုင်ပါတယ်။ အခြား feature များအနေနဲ့ကတော့ Gmail နဲ့ Outlook Desktop အတွက် keyboard shortcut များပေါင်းစပ်ပါ၀င်လာခြင်း၊ inbox အတွင်း ရှာဖွေမှုပြုလုပ်ရာ၌ autocomplete နဲ့ပြုလုပ်နိုင်ခြင်း၊ autoforward ပြုလုပ်ခြင်း၊ message archive ပြုလုပ်ခြင်း၊ vacation alert ပြုလုပ်ခြင်းအပြင် e-mail address အမည်ပြောင်းလဲခြင်း၊ ဖျက်လိုက်တဲ့ message များကို ပြန်လည်ရယူခြင်း၊ Outlook.com alias တစ်ခုဖန်တီးခြင်းနဲ့ chat thread နဲ့ message သစ်တစ်ခုမှ content များကိုသိမ်းဆည်းခြင်းတို့ ပါ၀င်လာပါတယ်။

တခုခုများပြောခဲ့စရာ ရှိပါက CBox , Comment ဖြင့်ရေးခဲ့နိုင်ပါတယ်...

1 comment:

  1. outlook ရဲ့ Mail Title တွေကို မြန်မလို ( ဇော်ဂျီဖောင့်) မြင်ရပြီး မေးလ်ကို ဖွင့်လိုက်ရင် အတုံးအတုံးလေးတွေပဲ မြင်နေရပါသည်. အဲဒါ ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းညွှန်ပေးပါဦးဗျာ..

    ReplyDelete