Saturday, February 16, 2013

Zawgyi Font Keyboard ထည့်ထားရက်နဲ့ Ctrl+Shift ဖြင့် မြန်မာလို ရိုက်လို့မရရင်


















ဒီလိုမျိုး ပြဿနာက တော်ရုံဖြစ်မယ်တော့ မထင်ဘူး ။

ကျွန်တော်တို့ စက်တွေမှာ Zawgyi Font ကို တင်ထားတယ် ။

Keyboard ကို လည်း Install လုပ်ထားတယ် ။
(မြန်မာစာ ပြဿနာဖြေရှင်းနည်းများ )

အကုန်လုံးပြည့်စုံရက်နဲ့ဗျာ ကျွန်တော့်စက်မှာ Ctrl+Shift နှိပ်ရင် မြန်မာလို ပြောင်းမသွားဘူးဗျ ။

အင်္ဂလိပ်လိုပဲ ပေါ်နေပါတယ် ။ ကျွန်တော့် စက်မှာကို ဖြစ်တာပါ ။ ကံဆိုးတာနေမှာပါ ။

ကျွန်တော်ကလည်း မြန်မာလိုရိုက်ချင်နေပါတယ်ဆိုတော့ ပြန်ပြီး ကလိရတာပေါ့ဗျာ ။

နည်းနည်းလက်ပေါက်ကတ်ပေမဲ့ မြန်မာလိုရိုက်လို့တော့ ရသွားတဲ့နည်း တနည်းတွေ့ပါတယ်။

Control Panel ထဲက Region and Language မှာပဲသွားလုပ်ရမှာပါ ။

ပြုလုပ်ရမှာက Start> Control Panel> Region and Language> Keyboards and Languages> Change Keyboards> Advanced Key Settings >

အဲဒီနေရာမှာ Between input language , To English (US) -Alpha Zawgyi , To English (US ) - US ဆိုတာကိုတွေ့မှာပါ ။

ကျွန်တော့်ဆီမှာတော့ Between input languages က အလုပ်မလုပ်တာသေချနေတာမို့ အောက်က နှစ်ခုကိုပဲ ပြင်ဖို့ဆုံးဖြတ်လို်က်ပါတယ် ။

To English(US) - Alpha Zawgyi ကို Click > Change Key Sequence... မှာ အောက်ကပုံအတိုင်းပြောင်းလိုက်ပါတယ် ။
















Change Key Sequence ကို Check လုပ် Ctrl+1 ကိုရွေး OK ပေါ့ဗျာ ။

နောက် To English (US) -US မှာလည်း အောက်ကပုံအတိုင်း Ctrl+2 ကိုရွေး OK ။





















ပြီးတာနဲ့ OK , Apply OK တွေပေးပြီး Control Panel ကနေထွက်လာတာ မြန်မာလို အင်္ဂလိပ်လို ရိုက်လို့ရသွားပါတယ် ။

ကျွန်တော်လုပ်ထားတဲ့ အတိုင်းဆို မြန်မာလိုရို်က်ချင်ရင် Ctrl+1 ကို နှိပ် Ctrl+2 ကို နှိပ်ရင် အင်္ဂလိပ်လို ရိုက်လို့ရပါတယ် ။

နည်းနည်းတော့ ရှုပ်ပါတယ် သို့သော်လည်း မြန်မာလို့ ရိုက်လို့ မရတာထက်စားရင်းတော့ အဆင်ပြေပါတယ်ခင်ဗျား ။

**  Htar Waie Thar  **

ကျွန်တော့်ဆီမှာပဲ ဖြစ်တာနေမှာပါ ကျွန်တော်ထင်တာတော့ မြန်မာစာပြဿနာများ ဖြေရှင်းခြင်းGtalk မှာ Font ကို Zawgyi ပြောင်းသော်လည်း မြန်မာစာမမြင်သော ပြဿနာ ပို့စ်တွေက နည်းတွေနဲ့တင် အဆင်ပြေသွားတာများပါတယ် ။

0 comments:

Post a Comment