http://www.tramyanmar.net/ မှ အဖြစ်အပျက် ကို တိုက်ရိုက် ကူးယူတင်ပြထားခြင်း ဖြစ်ပါသည်...
ကိုယ်တိုင်မကြုံဖူးပါ...
ကြုံတွေ့မိပါက ရှောင်တက််အောင်ပါ...
ဒီည ကျွန်တော် အင်တာနက် သုံးနေတော့ gtalk ထဲက သူငယ်ချင်းတစ်ယောက်ဆီကနေ message တစ်စောင် ရောက်လာတယ်။ အဲဒီ Message ကတော့ အောက်ပါ အတိုင်းပါ။ (အဲဒီ အပြာရောင် link တွေကို သွားမနှိပ်မိစေနဲ့နော်)
Hey what are you doing Please test my new webcam using private application http://h1.ripway.com/db0/privateCam.exe
ကျွန်တော်ကလဲ အင်တာနက် ဂျပိုးဆိုတော့ ဒါမျိုးတွေက ရိုးနေပြီလေ။ မဖြစ်နိုင်ဘူးလို့တော့ ထင်တယ်။ ဒါပေမဲ့ အဲဒီ virus ကို အဝင်ခံပြီးတော့ အဲဒီ Link ကို နှိပ်လိုက်ပါတယ်။ တကယ်ကိုပဲ Virus တစ်ခုပါ။ တော်ယုံလူတော့ ဖျားသွားလောက်ပါတယ်။ ကျွန်တော်လဲ တော်တော် စိတ်ဒုက္ခရောက်လိုက်ရပါတယ်။ ဒီ virus ၀င်ပြီဆိုတာနဲ့ ထုန်းစံအတိုင်း ခင်ဗျား computer ရဲ့ task manager ခေါ်လို့ မရတော့ပါဘူး။ နောက် Folder Option ၊ Registry Editor စသည်ဖြင့် ပျောက်ကုန်ပါလိမ့်မယ်။ နောက်ထပ် စိတ်ပျက်ဖို့ ကောင်းတာ တစ်ခုကတော့ ကိုယ်က အင်တာနက် သုံးနေခဲ့ရင် - ဥပမာ gtalk ဖွင့်ထားခဲ့ရင် အဲဒီ အပေါ်ကလို message လိုမျိုးတွေကို ကိုယ့်အကောင့်ထဲက လူတွေကို အလိုလို (auto) ပို့နေပါလိမ့်မယ်။ တဖတ်က မသိ့လို့ သွားနှိပ်မိပြီ ဆိုရင်တော့ ကူးပြန်ပြီပေါ့ ။
ဒါကြောင့် ဒီအကြောင်းအရာလေးကို အမြဲအားပေးနေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေရော၊ ကျွန်တော့် site လေးကို အလည်လာကြတဲ့ မိတ်ဆွေတွေ ၊ တခြား မသိ့သေးတဲ့ သူတွေအတွက်ပါ ရှောင်လို့ ရအောင် ကျွန်တော် ချက်ချင်း တင်ပေးလိုက်တာပါ။ ဒါတောင် စမ်းနေတာနဲ့ အချိန်နည်းနည်း ကြာသွားတယ်။ အပေါ်ကလိုမျိုး message တွေ ၀င်လာခဲ့ရင် Click မနှိပ်မိကျဖို့ အရေးကြီးပါတယ်။
ဒီ Virus က India က programmer လက်စွမ်းပြထားတာ ဖြစ်မယ် ထင်တယ်။ အရမ်းကြီးတော့ ကြောက်ဖို့ မကောင်းပါဘူး။ ဒါပေမဲ့ လူကို ပြာပြာသလဲ ဖြစ်သွားစေတယ်။ ပြီးတော့ သူက အောက်ပါ အတိုင်း message တွေကိုလဲ ပို့ပါသေးတယ်။
I am 23 Female Delhi(India)
Your asl please?
Waiting for you, view my private cam via secured connection
http://h1.ripway.com/db8/privateCam_v0.1.exe
How are you dear?
what are you doing?
View my private cam via secured connection
http://h1.ripway.com/db8/privateCam_v0.1.exe
View my webcam (private secured connection using privateCam)
http://h1.ripway.com/db1/privateCam_v0.1.exe
22 F India
and you?
ဖြေရှင်းဖို့အတွက်တော့ အရင်ဆုံး computer ထဲမှာ privateCam_vo.1.exe ဆိုတာကို windows search ကနေ ရှာပြီး တွေ့သမျှကို Shift+Delete နဲ့ ကျွေးပစ်လိုက်ပါ။
Microsoft Security Essential ကို နောက်ဆုံးထိ update လုပ်ပြီး Computer တစ်ခုလုံးကို Scan လုပ်လိုက်ပါ။ ပြီးရင်တော့ Delete ပေါ့။ Kaspersky နဲ့ ရှင်းတာတော့ အဆင်မပြေပါဘူး။ သိ့တောင် မသိ့ဘူးဗျ။ :P
နောက်တစ်ခု မိမိ computer မှာ defreeze software ကို အသုံပြုထားတယ် ဆိုရင်တော့ computer ကို ချက်ချင်း restart ချပစ်လိုက်ပါ။
0 comments:
Post a Comment