ဒီကနေ့ အင်တာနက်ထဲမှာရှိသော စာမျက်နှာ တော်တော် များများမှာ Right click နှိပ်မရအောင် ပိတ်ထားပြီး၊ အဆိုပါစာမျက်နှာမှာ ရှိတဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ၊
စာမျက်နှာရဲ့ ကုဒ့်တွေနဲ့ တခြားတခြားသော အသုံးဝင်သောအရာများ ကို ပွားယူခြင်းမှ ကာကွယ်ရန်၊ မှုပိုင်ခွင့်ထားရှိရန်၊ ဒါမှမဟုတ် မျှဝေသုံးစွဲရန်မပြုနိုင်အောင်
လုပ်ဆောင်ထားခဲ့ကြပါတယ်။ မိတ်ဆွေတို့အနေနဲ့ အဲဒီလိုမျိုးစာမျက်နှာမှ တချို့သော အရာများကို စုဆောင်းသိမ်းဆည်း မှတ်တမ်းတင်ဖို့ဆန္ဒရှိခဲ့ကြမှာပါ။
ဒါကို နည်းပညာစနစ်အမျိုးမျိုးနဲ့ ပိတ်ပင်ထားကြသလို၊ နည်းပညာစနစ်အမျိုးမျိုးနဲ့ဘဲ ပြန်လည်ရယူနေတာတွေရှိပါတယ်။ အခုပြောပြမဲ့ဟာကတော့ .
... ငွေကြေးမကုန်၊ လူမပင်ပန်းဘဲနဲ့ အလွယ်တကူ ဘဲ ရယူ စုဆောင်း၊ သိမ်းဆည်း မှတ်တမ်းတင် နိုင်မဲ့ အလွယ်ဆုံးနည်းလေးပါ။ ဘယ်လို လုပ်ပြီးတော့
Right click နှိပ်မရ အောင် ပိတ်ထားသော စာမျက်နှာကို နှိပ်လို့ရအောင်လုပ်မလဲ .......
ဒီလိုပါ....
ပထမဆုံးအနေနဲ့
"Tools"->"Internet Options" -> "Security" tab -> "Custom Level"
အောက်ကို Scroll လုပ်ပြီးတော့ "Scripting" section ကိုရှာ၊ သွားပြီးတော့
"Active Scripting" ကို "disable" လုပ်ပြီးတော့ "apply" နဲ့ "Ok"
ကို ၂ကြိမ်ထပ် မနည်းသေချာအောင် နှိပ်ပြီးတော့ လုပ်ယူ ရုံ ပါဘဲ။ ဒါဆိုရင်မိမိလိုချင်ရာကို ရယူ စုဆောင်း၊ သိမ်းဆည်း မှတ်တမ်းတင် နိုင်ပါပြီ။ ရယူပြီးတာနဲ့ နဂိုမှုရင်း နေရာပြန် ရောက်အောင်
"Tools"->"Internet Options" -> "Security" tab -> "Custom Level"
အောက်ကို Scroll လုပ်ပြီးတော့ "Scripting" section ကိုရှာ၊ သွားပြီးတော့
"Active Scripting" ကို "enable" ပြန်လုပ်ပြီးတော့ "apply" နဲ့ "Ok"
ကို ပြန်နှိပ်ပြီးတော့ပြောင်းဖို့တော့ မမေ့ပါနဲ့။ ဘာကြောင့်လည်းဆိုတော့ ... စာမျက်နှာ အများစုမှာ Script ခံပြီးတော့ ရေးသားထားကြတဲ့အတွက် ကိုယ်ကမလုပ်မိရင်
် Script သုံးသော စာမျက်နှာတွေမှာ အဆင်မပြေလာနိုင်တာတွေ ရှိနိုင်တာမို့ပါ။
0 comments:
Post a Comment