Myanmar Internet Journal http://myanmarinternetjournal.com/ij/local-news/5544-windows-7-error- မှ Share လုပ်ထားတာပါ...
Windows 7 တွင်သာဖြစ်ပေါ်တတ်သည့် Error တစ်မျိုး အွန်လိုင်းမှ ကူးစက်မှုရှိနေကြောင်း Mr.Htet ကွန်ပျူတာဆားဗစ်မှ ကိုထက်လင်းစိုးကပြောသည်။ အဆိုပါကူးစက်မှုမှာ Virus ဟု ခေါ်တွင်နိုင်ခြင်း မရှိသော်လည်း ကွန်ပျူတာအတွင်းရှိ EXE File များ၏လုပ်ဆောင်မှုများကို ပိတ်ဆို့ထားမည်ဖြစ်သည်။
ထို့သို့ ပိတ်ဆို့လိုက်သည့်အတွက် မည်သည့် .exe (သို့) App run လိုက်သည့်အခါတွင် Windows Media Center သာတက်လာမည်ဖြစ်သည်။ “အွန်လိုင်းကတစ်ဆင့် ကူးစက်တယ်လို့ ယူဆလို့ရပါတယ်။ သူက ကွန်ပျူတာအတွင်း Registry Editor ကိုဝင်ရောက်ပြီး ပြင်ဆင်မှာဖြစ်ပါတယ်။ ဒီလို ပြင်ဆင်တဲ့အတွက် EXE (သို့) Application တွေကိုသုံးစွဲသူမှ ဖွင့်တဲ့အခါမှာ Windows Media Center က run မှာဖြစ်ပါတယ်။ Registry ထဲဝင်ပြီး ပြန်ပြင်မယ်ဆိုရင် Registry ကလည်း Application တစ်ခုဖြစ်တဲ့အတွက် ဖွင့်လို့မရတာမျိုး ရှိပါတယ်” ဟု ၎င်းကဆက်လက်ရှင်းပြသည်။ အဆိုပါ Error ရှင်းလင်းမည်ဆိုပါက Registry ထဲမှ ပြန်ပြင်ရမည်ဖြစ်သည်။ ထိုသို့ပြုပြင်ရာတွင် windows စတက်ရာတွင် Safe mode with Common Prompt အနေဖြင့်တက်ရန်လိုအပ်ပြီး ၊Safe mode with Common Prompt ဖြင့် windows တက်လာသည့်အခါတွင် Common Box တွင် Regedit ရိုက်ပြီး Registry Editor ကို ခေါ်ယူရမည်ဖြစ်သည်။ ထိုသို့ခေါ်ယူပြီးနောက် HKEY_CURR ENT_ USER\Software\Microsoft\ Windows\CurrentVersion\Explorer\FileExts\.exe အထဲကို တစ်ဆင့်ချင်းအလိုက် ၀င်ရောက်ရမည်ဖြစ်သည်။ ၀င်ရောက်ပြီးပါက Windows ကရေးသားထားသည့် OpenWithList နှင့် OpenWithProgids မှလွဲ၍ အခြား File ကို ဖျက်ရမည်ဖြစ်သည်။ ထိုသို့ဖျက်ပြီးပါက Windows Media Center လုပ်ဆောင်မှု ရပ်တန့်သွားမည်ဖြစ်ကြောင်း သိရသည်။ အထက်ပါ Error ဖြစ်ပေါ်နေချိန်တွင် File, Folder များ၏ လုပ်ဆောင်ချက်များမှာ ပုံမှန်လုပ်ဆောင်နေကြောင်း သိရသည်။
0 comments:
Post a Comment