Windows Operating System တွေမှာရှိတဲ့ Device Manager ဘာတွေလုပ်နိုင်သလဲဆိုတာ နည်းနည်းပြောကြည့်ကြမယ် ။
ကျွန်တော်တို့ သုံးနေတဲ့ Win XP , Win 7 တို့ပေါ်မှာ Device Manager ဆိုတဲ့ စနစ်တစ်ခုကို Microsoft ကထည့်ပေးလိုက်ပါတယ် ။
Device Manager ဆိုသောအမည်အတိုင်း သူက ကွန်ပျူတာမှာ တပ်ဆင်ထားသော Hardware တွေကိုထိန်းချုပ်ပေးတဲ့ စနစ်တစ်ခုပါ ။
ကွန်ပျူတာမှာ တပ်ဆင်ထားသော Keyboard, Mouse , CPU , Hard Disk , Memory Card etc. ရှိသမျှ Hardware တွေကို
အလုပ်လုပ်သလား မလုပ်ဘူးလား Driver မရှိဘူးလား ပြဿနာရှိလား စစ်ပေးတဲ့နေရာ တစ်ခုပါပဲ ။
Device Manager ကိုဝင်ရောက်မယ်ဆိုရင်တော့ System Properties က ဝင်တဲ့နည်းကိုပဲ ကျွန်တော်သဘောကျပါတယ် ။
System Properties ဆိုတာက Computer (My Computer ) > Right Click > Properties ပါပဲ။
Windows 7 ပေါ်မှာ Device Manager ကို System Properties မှာ လွယ်လွယ်ကူကူရှာတွေ့နိုင်ပြီး
Win XP မှာ System Properties > Hardware > Device Manager ဆိုပြီးသွားရမှာပါ ။
Device Manager ဆီရောက်သွာရင် ကိုယ်ရဲ့ User Name -PC ဆိုသောခေါင်စဉ်အောက်မှာ ကွန်ပျူတာတွင်တပ်ဆင်ထားသော
Hardware တွေကို ခေါင်းစဉ်ခွဲလေးတွေနဲ့ ပြသပေးမှာပါ ။
ကျွန်တော် ခေါင်စဉ်ခွဲလေးတခုဖြစ်တဲ့ DVD/CD-ROM Drives ဆိုသောနေရာကို Click လုပ်လိုက်တော့ ကျွန်တော်စက်မှာ တပ်ဆင်ထားတဲ့
DVD Drive လေးကိုတွေ့နေရပါတယ် ။
အဲ့ဒါလေးကို Left Click လုပ်ကြည့်တာဘာမှ မထူးခြားတော့ Right Click လုပ်ကြည့်ပါမယ် ။
Right Click လုပ်ကြည့်တော့ Properties ဆိုတာကိုတွေ့လို့ Properties ကို Click ပေါ့ ။
General , Driver , Detail ဆိုတာတွေကိုတွေ့ရမှာပါ ။
Driver Tab ဆိုတာက တကယ်အရေးကြီးတာတွေ စုထားပါတယ် ။
Driver Details : Driver Information ကို ပြသသောနေရာ ။
Update Driver : Driver တွေကို Update / Install လုပ်ပေးသောနေရာ ။
Roll Back Driver : Driver များ Install / Update လုပ်လိုက်ပြီး အဆင်မပြေပါက Back ပြန်ဆုတ်နိုင်သော နေရာ ။
Disable : ကွန်ပျူတာတွင် ထိုစက်ပစ္စည်းတပ်ဆင်ထားသော်လည်း သုံးလို့မရအောင်ပိတ်လို့ ရသောနေရာ ။
Uninstall : Driver ကို Uninstall ပြန်လုပ်သော နေရာ ။
တကယ်လို့များ ကွန်ပျူတာမှာ ရှိသည့် Device အတွက် Driver များမရှိပါက ? , ! ကဲ့သို့သော အမှတ်များဖြင့် Device ကိုပြသနေမှာ ဖြစ်သည် ။
Device ကို Disable လုပ်ထားပါက Device Properties > General အောက် Device status မှာ This Device is Working အစား is not working လို့ပေါ်နေပါမယ် ။
Device Manager ကိုလေ့လာကြည့်ခြင်းဖြင့် မိမိကွန်ပျူတာတွင် တပ်ဆင်ထားသော Device များ ပုံမှန်အလုပ်လုပ်နေလား Disable ဖြစ်နေလား Driver မရှိတာလား
အစသဖြင့် လေ့လာကြည့်ရှုနိုင်ပါသည် ။
** Htar Waie Thar **
တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။
0 comments:
Post a Comment