Windows 7 ပေါ်က Windows Media Player က တစ်ခါတစ်လေ ဖွင့်လို့မရတော့တဲ့ ပြဿနာတစ်မျိုးကို ကျွန်တော်ကြုံဖူးပြီး ဖြေရှင်းနိုင်လို့ ပြန်လည်ဝေမျှလိုက်ပါမယ် ။
ကျွန်တော်ကြုံဖူးတဲ့ Windows Media Player ကိုဖွင့်လိုက်လို့ ဖွင့်လို့မရတော့တဲ့ ပြဿနာက Virus ကိုက်လို့လည်းမဟုတ်ဘူးဗျ ။
။ ။ဖြစ်တဲ့ Process က ရှင်းရှင်းလေးပါပဲ Task Manager ရဲ့ Process မှာ Windows Media Player Process ကျန်ခဲ့လို့ဖြစ်ရတာ ။
Windows Medial Player နဲ့ Task Manager ဆက်သွယ်တဲ့ပုံစံ :
ကွန်ပျူတာမှာ Windows Media Player ကို ဖွင့်လိုက်ပြီး Windows Task Bar > Right Click > Start Task Manager > Processes မှာကြည့်လိုက်ရင်
အောက်ကပုံအတိုင်း မြင်ရပါမယ် ။
wmplayer.exe ဆိုတဲ့ Processes က Windows Media Player Process မို့ Windows Media Player ကို Run လိုက်ရင် Task Manager ရဲ့ Process မှာပြသပေးပါတယ် ။
Windows Media Player ကိုပိတ်လိုက်ရင်တော့ အဲ့ဒီ Process ပျောက်သွားမှာပါ ။
ကျွန်တော်တွေ့ဖူးတဲ့ ပြဿနာက Windows Media Player ကိုပိတ်လိုက်ပေမဲ့ သူ့ Process လေးကျန်နေတာပါပဲ။အဲ့လို Process လေးကျန်နေရင် ကွန်ပျူတာက Windows Media Player ကို Run နေတယ်လို့ပဲ အသိမှတ်ပြုတော့ Windows Media Player ကိုနောက်တစ်ကြိမ် ဖွင့်လို့ကို မရတော့ဘူးဗျ ။
ဘာလုပ်ရမလဲဆိုတော့ အဲ့လိုကျန်နေတဲ့ Process ကို Right Click ပေးပြီး End Task လုပ်လိုက်ပါ ။ပြီးရင် Windows Media Player ကို ပြန်ဖွင့်ကြည့်ပါ အဆင်ပြေသွားပါလိမ်မယ် ။
Task Manager အကြောင်းကို ကျွန်တော့်ဘလော့မှာ Task Manager ဘာတွေလုပ်နိုင်သလဲ ဆိုတဲ့ခေါင်စဉ်နဲ့ ရေးသားခဲ့ပါတယ် ။
** Htar Waie Thar **
တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။
0 comments:
Post a Comment