ကျွန်တော်တို့သာ www.blogger.com ဆီမှာသာ ဘလော့ရေးပါက အသုံးတည့်သော Gadget လေးတွေကို Build In ပေးထားတာမို့ လေ့လာကြည့်ရအောင် ။
Blogger ထဲသို့ Gmail Account နှင့်ဝင်ရောက်ပြီး မိမိဘလော့ဂါစာမျက်နှာမှာ Layout ဆိုတာကို သွားကြည့်ပါက Add Gadget ဆိုတာလေးတွေကို တွေမှာပါပဲ ။
Add Gadget ဆိုတာလေးကို Click လုပ်ပါက Blogger ကမူရင်းပေးထားသော Gadget လေးတွေကို ကျွန်တော်တို့ယူသုံးနို်င်ပါတယ် ။
အားလုံးထဲမှ အသုံးများသော Gadget လေးတွေကို ကျွန်တော်ရွေးချယ်ကာ ဖော်ပြလိုက်ပါတယ် ။
၁) Follower
Member များဝင်ရောက်လျှောက်ထားနိုင်သော Gadget ပဲဖြစ်ပါတယ် ။ထို Gadget ကို ဘလော့မှာ ထားပါက မိမိဘလော့ကို Member များခေါ်ယူနိုင်ပါပြီ။
၂) Follow By Email
ဘလော့သို့ လာရောက်သောသူများထံ Email ဖြင့် Posts အသစ်များတင်ပါက Auto ပို့ပေးသော Gadget ပါ ။
ဘလော့မှာ ထားပါက လာရောက်သူများ ထို Gadget တွင် Email Address ရိုက်ထည့်မည်ဆိုပါက ရိုက်ထည့်သော သူများ၏ Email Address ပိုင်ရှင်ထံ Posts အသစ်များတင်ပါ အလိုအလျှောက်ပို့ပေးမှာပါ ။
၃) Popular Posts
မိမိဘလော့မှာ လူကြည့်များသောပို့စ်မျာကို ထို Gadget လေးကို တင်ထားရုံနဲ့ ဘလော့မှာ မြင်တွေ့နိုင်ပါတယ် ။
၄) Html/ Java Scrip
Html, Java Scrip Codes များကို ထို Gadget တွင် ရေးထည့်ပြီး Gadget တစ်ခုဖြစ်အောင် ဖန်တီးနိုင်ပါတယ် ။
၅) Labels
ထို Gadget ကတော့ ဘလော့ပို့စ်များ ရေးသား တဲ့နေရာမှာ Label များခွဲခြားထားပါက ဘလော့မှာ Labels များအလိုက်မြင်တွေ့ရအောင် ပြုလုပ်ပေးထားသော Gadget ပင်ဖြစ်ပါသည် ။
** Htar Waie Thar **
0 comments:
Post a Comment