ကျွန်တော်တို့ Gmail နှင့် အခြားသော Mail Inbox ထဲသော ပုံမှန်ပို့ပေးနေသော Facebook တို့ Invite Mail တွေကို ထိန်းချုပ်နိုင်သော နည်းလမ်းတခုကို အင်တာနက် ဂျာနယ်မှာ တွေ့လို့ ကျွန်တော်စမ်းသပ်ကြည့်တာ တွေ့ရှိရပုံလေးကို Share လုပ်လိုက်ပါတယ် ။
www.unroll.me ဆိုသော Website မှာ သွားလုပ်ရမှာပါ ။
အဲဒီမှ ပထမဆုံး ကိုယ်အသုံးပြုသော Email ဥပမာ Gmail စတာကို ရွေးရပါတယ် ။နောက် Go ဆိုသော Buttom ကို နှိပ်ပေးရပါတယ် ။
Go ကို နှိပ်လိုက်ပါက Email Web Link ကို တိုက်ရိုက်သွားချိတ်မှာ ဖြစ်ပြီး ကိုယ့် User Name , Password ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ် ။
ပြီးသွားပါက www.unroll.me မှာ ကျွန်တော်တို့ Email ကို တွေ့မြင်နိုင်မှာ ဖြစ်သလို့ အသုံးပြုပုံများကို ရေးသားထားတာ တွေ့ရမှာပါ ။
ကျွန်တော်က Log Out လုပ်ပြီးပြန်ထွက်လာပါတယ် ။
ထူးခြားမှုက နောက်တနေ့ Email Inbox ကို ဖွင့်ကြည့်သော အခါ Facebook တို့ထံမှ Email များကို မတွေ့တော့ပဲ www.unroll.me က Mail တစောင်ပို့ထားတာ တွေ့ရပြီး Email များကို ရပ်တန့်ချင်က ရပ်တန့်ရန် Instruction ကို ပေးထားတာတွေ့ရပါတယ် ။
ကျွန်တော်ကတော့ မရပ်ခိုင်းပေးမဲ့ Email တွေအများကြီး မမြင်ရပဲ unroll.me က ပို့သော Email တစောင်ထဲက ဖတ်ကြည့်ရတဲ့ပုံစံကို ပဲယူသုံးပါတယ် ။
မိတ်ဆွေများ အသုံးပြုနိုင်ရန် သိသလောက်သာ ရေးသားလိုက်ပါတယ် ။
** Htar Waie Thar **
0 comments:
Post a Comment