Power On Password ကို တချို့တချိုသော Notebook PC မှာ မြင်ဖူးကြမှာပါ ။
ကျွန်တော်တို့ ကွန်ပျူတာကို ဖွင့်လိုက်တာနဲ့ Password တောင်းတဲ့အမျိုးအစားပါ ။
Power On Password ကို ကွန်ပျူတာမှာ အသုံးပြုချင်ပါက CMOS / BIOS ထဲမှာပြုလုပ်ရမှာဖြစ်ပါတယ် ။
CMOS / BIOS ထဲမှာ Supervisor Password ပေးထားပြီး Boot On Password ( Power On Password) ကို Enable ပြုလုပ်ထားပါက ကွန်ပျူတာဖွင့်တာနှင့် Password တောင်းပါလိမ့်မည် ။
ထို Password မပေးနိုင်ပါက ကွန်ပျူတာကိုဖွင့်နိုင်မည် မဟုတ်ပါ ။
Notebook PC များအတွက် အတော်သုံးဝင်သော နည်းလမ်းတခုဖြစ်ပါသည် ။
Power On Password ကိုမေ့သွားပါက CMOS Battery ကိုဖြုတ်သည့်နည်းလမ်းနှင့် ကျော်နိုင်သော်လည်း Notebook များတွင် CMOS Battery ကို တော်ရုံ Service ပညာရှင်အဆင့်များနှင့် တွေ့နိုင်မှာ မဟုတ်ပါ ။
CD / DVD Software တခုခုနှင့် ကျော်မည့်သူများရန်ကို ရှောင်ချင်ပါက First Boot ကို Hard Disk ကိုသာ ရွေ့ထားခြင်းဖြင့် ကာကွယ်နိုင်ပါသေးသည် ။
အထက်ပါ အချက်များကြောင့် Notebook PC များ လုံခြုံရေးကောင်းချင်ပါက အသုံးပြုနိုင်ရန်အတွက် Power On Password အကြောင်း ရေးသားလိုက်ပါတယ် ။
** Htar Waie Thar **
တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။
0 comments:
Post a Comment