Friday, January 25, 2013

Sound Card , Video Card များ ကွန်ပျူတာမှာ မရှိတော့ဘူးလား


















ကျွန်တော် ကွန်ပျူတာ စသုံးခါစ ၂၀၀၄၊ ၂၀၀၅ ခုနှစ်လောက်က Sound Card , Video Card များကို Computer System Unit ထဲမှာ မျက်ဝါးထင်ထင် မြင်ရလေ့ရှိပါတယ် ။

Sound Card ကို စိုက်မှ သီချင်းတွေဖွင့်ဖို့ အပေါက်တွေပါလာမှာ ဖြစ်သလို Speaker များနှင့်ချိတ်ဆက်ကာ အသံများကို နားဆင်နိုင်မှာ ဖြစ်ပါတယ် ။

Video Card ( VGA ) ကို ကွန်ပျူတာမှာ စိုက်မှ ရုပ်ထွက်ဖို့ VGA Port ကို System Unit မှာ မြင်ရမှာ ဖြစ်သလို Monitor နဲ့ချိတ်ဆက်ကာ ရုပ်များကို မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ် ။

ကျွန်တော်ရေးခဲ့တဲ့ Sound Card , VGA Card များကို Motherboard ပေါ်မှာ စိုက်နိုင်ရန်အတွက် Slot များပါရှိပါတယ် ။

နောက်ပိုင်းထုတ်တဲ့ Motherboard Version တွေဟာ Sound Card , VGA Card တွေကို Onboard ( Motherboard နှင့်တွဲပြီး ) ထုတ်လုပ်လာပါတယ် ။

ဘာတြွေဖစ်လာလဲ ဆိုတော့ ကျွန်တော်တို့တွေဟာ Sound Card , VGA Card တွေကို မူရင်းအတိုင်း မမြင်ရတော့ပဲ  Motherboard  ပေါ်မှာ Circuit လေးတွေအဖြစ်ပဲ မြင်တွေ့လာပါတယ် ။

သို့သော်လည်း Sound Card , VGA Card များကတော့ ကွန်ပျူတာမှာ တပ်ဆင်ထားတာကို System Unit တွင်ပါသော Sound Card မှ Ports များ ၊ VGA Port များကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ် ။

နည်းပညာ မြင့်မားလာသည်နှင့် အမျှ Circuit များကို ချုံ့ကာ ထုတ်လုပ်လာနိုင်သည် အတွက် Onboard Sound Card , VGA Card များကို မြင်တွေ့လာတာပါ ။

သို့သော်လည်း တချို့သော ကွန်ပျူတာ အသုံးပြုသူများက ကွန်ပျူတာမှာ Sound Card , VGA Card များကို မျက်ဝါးထင်ထင် မြင်တွေ့ခြင်းမရှိသည့်အတွက် မရှိဘူးလို့တောင် ထင်နေကြပါတယ် ။

ယနေ့ခေတ်မှာ Sound Card များကို တော်ရုံကွန်ပျူတာ အသုံးပြုသူများက ဝယ်မသုံးကြတော့ပါ ။ Onboard Sound Card များနှင့်တင် အဆင်ပြေသော ကြောင့်ဖြစ်သည် ။  အသံပိုင်းဆိုင်ရာ လုပ်ငန်းများအနေနှင့်သာ ဝယ်ယူသုံးစွဲမှုရှိပါသည် ။

VGA Card များကိုလည်း ဝယ်မသုံးဖြစ်တာ များပါသည် ။ Video Memory လိုအပ်သော ဂိမ်းသမားများ ၊ AutoCAD 3D သမားများ ၊ Media လုပ်ငန်းများတွင်သာ အသုံးပြုလေ့ရှိတာ တွေ့ရပါတယ် ။

သို့သော်လည်း ကွန်ပျူတာတွင် Sound Card , VGA Card မပါပဲနဲ့ ရုပ်များ၊အသံများ ထွက်ခြင်းမရှိသည်ကို ကျွန်တော် ကနေတဆင့် စေတနာများစွာ ဖြင့်အသိပေးလိုက်ပါတယ် ခင်ဗျာ ။


                                                               **  Htar Waie Thar  **

0 comments:

Post a Comment