Sunday, February 24, 2013

32 Bits and 64 Bits Files များကို ခွဲခြားပုံ




















ဒီဘက်ခေတ်တွေမှာ ဆိုရင် 64 Bits , 32 Bits ဆိုပြီး OS များထွက်လာပြီး အသုံးပြုမှုများလာသလို ဆော့ဝဲလ်များကို လည်း သီးခြားစီ ထုတ်လုပ်ဖြန့်ချီလာ ကြပါတယ် ။

ဒီတော့ ကျွန်တော်တို့က OS Versions အလိုက် ကိုယ်နဲ့ ဆိုင်ရာ ဆော့ဝဲလ်ကို ရွေးချယ်အသုံးပြုရပါတော့မယ် ။

32 Bits OS မှာ 64 Bits Applications များတင်သုံးလို့မရသလို 64 Bits OS မှာလည်း အတူတူပါပဲ သူနဲ့ဆိုင်ရာ ဆိုင်ရာကို သာ အသုံးပြုရမှာပါ ။

ကိုယ်အသုံးပြုသော OS က 32 Bits (or) 64 Bits မသိရင်တော့ Windows OS သမားများ My Computer ( Computer ) > Right Click > Properties , System Properties မှာ ကြည့်ရှု့လို့ရပါတယ် ။

ဆော့ဝဲလ်တွေကို ဆိုင်တွေမှာ ဝယ်မယ်ဆိုရင်တော့ 32 Bits , 64 Bits ကိုယ်ကြိုက်ရာ မေးမြန်ပြီး ဝယ်ယူနိုင်ပါတယ် ။

သို့သော် အွန်လိုင်းမှာ ဆော့ဝဲလ်တွေ ဒေါင်းမယ်ဆိုရင်တော့ 32 Bits , 64 Bits အခေါ်အဝေါ်ကို မသိလို့မရပါဘူး ။

လွယ်လွယ်လေးပါ ။

x86 , x64 ဆိုသော အခေါ်ပါပဲ ။

32 Bits ဆိုရင် x86 , 64 Bits ဆိုရင် x64 ဆိုပြီး ကွဲပြားစွာ ဖော်ပြတက်ပါတယ် ။

တချို့သော ဆော့ဝဲလ်များကတော့ 32 Bits , 64 Bits နှစ်ခုလုံးမှာ အသုံးပြုလို့ရတက်လို့ ဖော်ပြချက်တွေမှာ ဘာမှ မသိသာသော်လည်း ခွဲခြားပြီး ထုတ်လုပ်ထားသော Software တွေအတွက်ဆိုရင် ဆော့ဝဲလ်ကို

ဥပမာ ။  ။ WinRar x86 Download  , WinRar x64 Download အစရှိတက်သလိုဖော်ပြပါတယ် ။

ကျွန်တော်က ဆော့ဝဲလ်လို့ ပြောသည့်နေရာမှာ OS ( Operating System ) များလည်းပါဝင်ပါတယ် ခင်ဗျား ။

မှန်မှန်ကန်ကန် ရွေးချယ်တက်တော့ ကောင်းတာပေါ့ဗျာ နော့် ။

**  Htar Waie Thar

0 comments:

Post a Comment