Friday, March 1, 2013

Processing Device များကို လေ့လာခြင်း


















ကျွန်တော် Processing Device များကို ကွန်ပျူတာ ရှင်သန်ရေးအတွက် လုပ်ဆောင်ပေးသော Drive များလို့ရေးသားခဲ့ပါတယ် ။


1: CPU




CPU ၏ အရှည်က Central Processing Unit , Processor လို့လည်းခေါ်ပါတယ် ။

ကျွန်တော်စသိခါစကတော့ CPU is the heart of computer .

နောက် ကွန်ပျူတာ စာအုပ်များမှာတော့ CPU is the brain of computer . လို့ ရေးသားပါတယ် ။

ကျွန်တော်ကတော့ အရင်သိသော ဆိုလိုရင်းကို ကြိုက်ပါတယ် ။ CPU ( Processor ) ဆိုတာ ကွန်ပျူတာ နှလုံးသားပါပဲ ။

ကျွန်တော်တို့ နှလုံးသားမရှိပဲ မရှင်သန်နိုင်သလို ကွန်ပျူတာလည်း ကျွန်တော်တို့နဲ့ အတူတူပါပဲ ။

သူကို အဓိက ထုတ်လုပ်သော တံဆိပ်များကတော့ Intel , AMD တို့ပဲဖြစ်ပါတယ် ။


2: Memory

 


မှတ်ညဏ်ပေါ့ဗျာ ။ ကျွန်တော်တို့မှာ Memory တွေရှိသလို ကွန်ပျူတာမှာလည်း သူနဲ့ ကိုက်ညီသော Memory တွေရှိပါတယ် ။

CPU က ခိုင်းသမျှကို Memory ရှိရင်ရှိသလောက် လုပ်ပေးပါတယ် ။ Memory နည်းနေရင်တော့ ကိုယ့်ကို ထိုင်ကြည့်နေတက်ပါတယ် ။


3: Graphic , Sound , Network

Graphic ဆိုတာတော့ ကျွန်တော်တို့ ကွန်ပျူတာမှာ ရုပ်ပုံတြွေမင်ရအောင် ပြုလုပ်ပေးသော Memory ပါ ။

Video Memory ပေါ့ဗျ ။

Sound ဆိုတာတော့ ကွန်ပျူတာမှာ အသံများထွက်အောင် ပြုလုပ်ပေးသော Drive ပါ ။

Network ဆိုတာတော့ ကွန်ပျူတာ Network , Internet များ ချိတ်ဆက်သောအခါ ကူညီသော Drive ပါ ။

အရင်က ကွန်ပျူတာများမှာတော့ Graphic , Sound , Network Cards များကို ကွန်ပျူတာတွင် တပ်ဆင်ထားတာကို မြင်တွေ့နိုင်ပေမဲ့ နောက် ပိုင်း ကွန်ပျူတာများမှာတော့ Circuit အပေါ်တွင် အဆင်သင့်ပါသော ပုံစံကိုပဲတွေ့မှာပါ။

4: Motherboard





Motherboard ဆိုတာတော့ Hardware အစိတ်အပိုင်းများအကုန်လုံးကို သူ့တွင် တပ်ဆင်နိုင်အောင် ဖန်တီးထားသော မူရင်း Circuit ပြားအကြီးကြီးကို ပြောတာပါ ။

CPU , Hard Disk , RAM , Graphic စသော ရှိသမျှ Hardware တွေက Motherboard ဖြင့်ချိတ်ဆက်ထားပါတယ် ။

ကျွန်တော်တို့ဆီမှာတော့ Motherboard ကို MSI , ASUSE  တို့ပဲအတွေ့များပါတယ် ။

5: Power Supply



Power Supply ဆိုတာတော့ Electronics , Electrical Device များ၏ ထုံစံအတိုင်း မီးပေးရသော အစိတ်အပိုင်းပါ ။

Electronics Device အကုန်လုံးက သက်ဆိုင်ရာ Electricity ကို ပေးမှ အလုပ်လုပ်မှာပါ ။


**  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment