Tuesday, October 8, 2013

အရိ​မေ​တ္တေ​ယျ​မြတ်​စွာ​ဘုရား ကို ဖူး​ခွင့်​ရ​မည့် ပုဂ္ဂိုလ်​များ




















​၁။ ယခု​ကြုံတွေ့​နေ​တဲ့ ဂေါတမ သာသနာ​တွင်း​မှာ ကိုယ်တိုင် ရဟန်း​သာမဏေ သီလ​ရှင်​ဝတ်​ပြီး ပရိယတ်၊ ပ​ဠိ​ပတ်သာ​သ​နာ​ပြု​တဲ့ ပု​ဂ္ဖို​လ်။

​၂။ မိမိ​ရင်​မှ​ဖြစ်​တဲ့​သား၊ သူတစ်ပါး​ရင်​မှ ဖြစ်​တဲ့​သား​တွေ​ကို ရဟန်းခံ​ပေး​ခြင်း၊ ရှင်ပြု​ပေး​ခြင်း​ပြု​တဲ့ ပု​ဂ္ဖို​လ်။

​၃။ မိ​ခင်​ဖ​ခင်​တို့​ကို ဝတ်​ကျေ​တန်း​ကျေ​မဟုတ်​ဘဲ စိတ်ပါ​လက်​ပါ ရိုသေ​စွာ​ပြုစု​လုပ်ကျွေး​တဲ့ ပု​ဂ္ဖို​လ်။

​၄။ သရဏဂုံ​သီလ မ​ပြတ် ဆောက်တည်​သော ပု​ဂ္ဖို​လ်။

၅။ ဘုရား​သာသနာ တည်​စိမ့်​သော​ဌာ စေတီ၊ ပုထိုး၊ စည်း​ခုံ ဥ​မင်​လို​ဏ်​ခေါင်း ဇရပ် စ​သည်​တို့​ကို ပြုပြင်​တဲ့​ပု​ဂ္ဖို​လ်၊ အသစ်​ဆောက်​လုပ်​လှူး​ဒါ​န်း​တဲ့ ပု​ဂ္ဖို​လ်။

​၆။ ​ဗော​ဓိ​ညောင်​ပင် စိုက်ပျိုး​သော ပု​ဂ္ဖို​လ်၊ ညောင်ရေ​သွန်းလောင်း​သော ပု​ဂ္ဖို​လ်။

​၇။ ရေတွင်း ရေကန် ရေအိမ် စ​တု​ဒီ​သာ ကျောင်း​ဇရပ် တံတား ပြုပြင်​သော​ပု​ဂ္ဖို​လ်၊ အရုဏ်ဆွမ်း နေ့​ဆွမ်း လောင်​လှူ​သော ပု​ဂ္ဖို​လ်။

​၈။ ရဟန်း​တို့​အား ပစ္စည်း​လေး​ပါး လှူဒါန်း​ထောက်ပံ့​သော ပု​ဂ္ဖို​လ်။

​၉။ ကမ္မ​ဋ္ဌာ​န်း​ဘာဝနာ ပွား​များ​အားထုတ်​သော ပု​ဂ္ဖို​လ်

အားလုံး ဧကန်​မုချ မြေကြီး လက်ခတ်​မ​လွဲ၊ အရိ​မေ​တ္တေ​ယျ​ဘုရားရှင်​ကို ဖူးမြော်​ရ​ပြီး ​နိ​ဗ္ဖာ​န်​ကို​ရ​မယ်။

*အရိ​မေ​တ္တေ​ယျ​မြတ်​စွာ​ဘုရား*

ကျွန်တော်​တို့​ဟာ တကယ်​လို့ ဗုဒ္ဓ​ဘာသာ​ဝင်​တွေ ဖြစ်​ကြ​မယ်​ဆို​ရင် ဟော​ဒီ​ကမ္ဘာ​မှာ နောင်​ပွ​င်​တော်​မူ​မဲ့ မြတ်​စွာ​ဘုရား​အကြောင်း​ကို သိ​ချင်​ကြ​မယ်​လို့​ထင်​ပါ​တယ် တချို့​လည်း သိ​ပြီး​ဖြစ်​နေ​ကြ​မှာ​ပါ မ​သိ​ရ​သေး​တဲ့ သူ​တွေ​အတွက် ဒီ​ပို​စ့်​လေး​ကို​တင်​လိုက်​တာ​ပါ ဒီ​မေး​လ်​လေး​ကို ပို့​ပေး​တဲ့ အရှင်​ဝိ​မ​လ​ဝံ​သ​ကို အ​ထူး​ကျေးဇူးတင်​ပါ​သည်​ဘုရား။ နောင်​ပွင့်​တော်​မူ​မည့် အရိ​မေ​တ္တေ​ယျ​ဘုရားရှင် ကို ရှိခိုး​ကန့်​တော့​လိုက်​ပါ​တယ် ဘုရား

ကျွန်တော်​တို့ နေထိုင်​သော​ဟော​ဒီ​ကမ္ဘာ​မှာ​ဘုရား​ငါး ဆူ​ပွင့်​မယ်​လို့ မှတ်သား​ကြားသိ​ဖူး​ပါ​တယ် အခု​ဘုရား​လေး​ဆူး​ပွင့်​ထွန်း​ပြီး​ပါ​ပြီ နောင်​ပွင့်​လ​တ္တံ​သော မြတ်​စွာ​ဘုရား​မှာ အရိ​မေ​တ္တေ​ယျ​ဘုရားရှင် ဟု​သိ​ရ​ပါ​တယ်။ ဗုဒ္ဓ​ဘာသာ​တိုင်း​ရဲ့​ရည်​မှန်း​ချက်​ပန်း​တိုင်း​က နိဗ္ဗာန်​ဖြစ်​ပါ​တယ် "အလွန်​ကြည်ညို​စရာ​ကောင်း​သော​ဘုရားရှင်​ရဲ့ တရား​တော်​အားနာ​ကြား​ပြီး ရှေ့​တော်​မှာ​တင်​ကျွတ်​တမ်း​ဝင် နိဗ္ဗာန်​စံ​ရ​မယ်​ဆို​ရင် အကောင်း​ဆုံး​ပေါ့​ဗျာ။"

အဲ​ဒီ​အတွက် ကျွန်တော်​တို​ဘုရားရှင် ​ဟေား​ကြား​ခဲ့​သည့်​အတိုင်း လိုက်​လုပ်​ဖို့ လို​ပါ​တယ် …သုံး​ချက်​ထဲ​ပါ

​၁။ မကောင်းမှု ကို​ရှောင်​ရ​မယ် ။

​၂။ ကောင်းမှု ကို​ဆောင်​ပြီး​အစဉ်​ပြုလုပ်​နေ​ရ​မယ် ။

​၃။ စိတ်​ကို ဖြူစင်​အောင်​ထား​ရ​ပါ​မယ် ။

ဂေါတမ မြတ်​စွာ​ဘုရားရှင်​က ကပ္ပိ​လ​ဝတ်​ပြည် ​နိ​ဂြော​ဓာ​ရုံ​ကျောင်း​မှာ သီတင်းသုံး​နေ​တဲ့​အချိန် အရှင်​သာ​ရိ​ပု​တ္တ​ရာ​၏ လျှောက်ထားချက်​အရ အရ​ဟ​တ္တ​ဖိုလ်​ဈာန်​သ​မာ​ပတ် ဝင်စား​ပြီး အ​ဇိ​တ​ရဟန်း နောင်​အနာဂတ်​ကာလ​မှာ အရိ​မေ​တ္တေ​ယျ​ဘုရား ဖြစ်​တော်​မူ​မည့်​အကြောင်း​ကို ဟောကြား​တော် မူ​ပါ​တယ်။ အရိ​မေ​တ္တေ​ယျ​ဘုရားလောင်း​က တစ်​သင်္ချေ​နှင့် ကမ္ဘာ​တစ်​သိန်း ပါရမီ​တွေ​ဖြည့်​ကျင့်​ပြီး တု​သိ​တာ​နတ်ပြည်​မှာ​ရှိ​နေ​မယ်။

နောင်​ပွင့်​တော်​မူ​မည့်​အရိ​မေ​တ္တေ​ယျ​ဘုရားရှင်​အကြောင်း...

အလောင်း​တော်​နတ်​သား​က လူ့​ပြည်​ကို​ဆင်း​ပြီး ပဋိသန္ဓေနေ​ဖို့​ရာ​အတွက် ဘုရားလောင်း​တို့​ရဲ့ ထုံး​တမ်း​အစဉ်​အလာ ဓမ္မတာ​အရ ပဋိသန္ဓေယူ​တော့​မယ်​ဆို​ရင် ကြည့်​ခြင်း​ငါး​ပါး အရ​င်​ကြည့်​ပြီး​မှ ပဋိသန္ဓေယူ​လေ့​ရှိ​ကြ​တယ်။

ကြည့်​ခြင်း​ငါး​ပါး​ဖြင့်​ကြည့်​တော်​မူ​ခြင်း​က-..

(၁)ဘုရား​ဖြစ်​မည့်​ခေတ်​အခါ​ကာလ​ကား အနှစ်​တစ်​သိန်း​မှ​စ​ပြီး အောက်​ဖြစ်​သော​ကာလ အနှစ်​တစ်​ရာ​တန်း​မှ​စ​ပြီး အထက်​ဖြစ်​သော​ကာလ (တစ်​သိန်း​နှင့် တစ်​သိန်း​အောက်- ​၁​၀​ဝ​အထက်)

(၂)ဘုရား​ဖြစ်​ရာ​ကျွန်း​ကား ဇမ္ဗူဒိပ်​ကျွန်း

(၃)ဘုရားပွင့်​ရာ​ဒေသ​ကား မ​ဇ္စျိ​မ​ဒေသ

(၄)ဘုရားလောင်း​ဖြစ်​ရာ အမျိုး​ကား မင်း​မျိုး ပုဏ္ဏား​မျိုး

(၅)မယ်တော်​၏​အသက်​အပိုင်းအခြား​ကား ဘုရားလောင်း​မွေး​ပြီး ခုနစ်​ရက်​သာ​နေ​ရ​ခြင်း

ပဋိသန္ဓေ​ယု​ခြင်း...

ကေ​တု​မ​တီ​ပြည်………..သ​င်္ခ​စကြဝတေး​မင်း​နှင့်​တိုင်ပင်​ကြံစည်​ဘက်​ကိုးကွယ်​ရာ​ဖြစ်​သော အတိတ် အနာဂတ်​ကို​သိမြင်​နိုင်​ပြီး​ပ​စ္စု​ပန်​သံသရာ​အစီးအပွား​ကို ဆုံးမ​တတ်​သော သု​ဗြ​ဟ္မ​ပုဏ္ဏား​ကြီး​၏ ​ဗြ​ဟ္မ​ဏ​ဝ​တီ​ပုဏ္ဏေးမ​ဝမ်း​မှာ ပဋိသန္ဓေနေ​လိမ့်​မည်။

​ဗြ​ဟ္မ​ဏ​ဝ​တီ​ပုဏ္ဏေးမ​ဝမ်း​မှာ​ဆယ်​လ​ပြည့်​တဲ့​အခါ​မှာ ဣ​သိ​ပ​တေ​န​သမင်​တော​မှာ မယ်တော် ​ဗြ​ဟ္မ​ဏ​ဝ​တီ​သည်​ထိုင်​လျက်​လည်း​မဟုတ် အိပ်​လျက်​လည်း​မဟုတ်​ဘဲ ရပ်​လျက်​သာ​လျှင် သစ်ပင်​၏​အကိုင်း​အခက်​ကို​ကိုင်​လျက် မေ​တ္တေ​ယျ​ကို​ဖွား​တော်​မူ​လိမ့်​မည်။ဘုရားလောင်း​နဲ့​အတူ တစ်​ချိန်​တည်း​ဖွား​တော်​မူ​တဲ့​ဖွား​ဘက်​တော် ​၁​၈ ကုဋေ​အားလုံး​အမတ်​တွေ​ချည်း​ဖြစ်​မယ်။ အ​ဇိ​တ​ဟူ​သော​အမည်​ကို​သာ​ပေး​လိမ့်​မယ်။ ဘုရားလောင်း​အ​ဇိ​တ​မင်းသား​ဟာ​ဖွား​လျှင်​ဖွား​ချင်း ခုနစ်​ဖဝါး​လှမ်း​ပြီး ခြေ​တော်​ချ​တိုင်း​ချ​တိုင်း ကြာ​ပွင့်​တွေ​ပေါ်ပေါက်​လိမ့်​မယ်။

ဖွား​လျှင်​ဖွား​ချင်း ခုနစ်​လှမ်း​လှမ်း​ပြီး "ယခု​ဘဝ​ကား ငါ့​အဖို့​နောက်ဆုံး​ဘဝ​တည်း နောက်ထပ်​ဘဝ​မ​ရှိ​တော့​ပြီ အာသဝေါ​ကင်း​သည် ဖြစ်​သော​ကြောင့်​ငြိမ်း​အေး​လ​တ္တံ့" ဟူ​သော​စကား​ကို​အရပ်​လေးမျက်နှာ​ကို ကြည့်​ပြီး​ပြောဆို​လိမ့်​မယ်။

ပြာ​သာ​ဒ်​လေး​ဆောင်​ပေါ်လာ​ခြင်း...

အ​ဇိ​တ​မင်းသား​လောက​စည်းစိမ်​ခံစား​ဖိ​ ု႔​ရာ​နေမင်း​၏​ရောင်ခြည်​ကဲ့သို့ လူ​သား​တွေ​မျက်စိ​ဖြင့် စိန်းစိန်း​မ​ကြည့်​ဝံ့​တဲ့ အရောင်​တ​လက်လက်​ဖြင့် ရတနာ​အရောင် ထွန်းလင်း​ပြောင်​တဲ့​တင့်တယ်​ခံ့​ညား​သော ပြာ​သာ​ဒ်​လေး​ဆောင် ပေါ်ပေါက်​လာ​လိ်​မ့်​မည်။ ပြာ​သာ​ဒ်​လေး​ဆောင်​ကို တစ်​ဆောင်​မှာ ပရိဘောဂ​အသုံးအဆောင် အ​ပြည့်​အစုံ​ပါ​တဲ့​တိုက်ခန်း​က ခုနစ်​ထောင်​စီ တစ်ဖက်​တစ်ဖက်​မှာ ပတ္တမြား​ကျောက်​မျက်​ရွဲ​စီ​သော​နဝရတ်​ကိုး​ပါး​နဲ့ ပြည့်စုံ​သော ပလ္လင်​ခုနစ်​ထောင်​စီ ရတနာ​ခုနစ်​ပါး​နှင့်​ပြည့်စုံ​သော ထီးဖြူ​ခုနစ်​ထောင်​စီ ခုတင်​ညောင်စောင်း​ခုနစ်​ထောင်​စီ ပြာ​သာ​ဒ်​တစ်​ဆောင်​ကို တိုက်ခန်း​က ခုနစ်​ထောင်​စီ​ဆို​တော့ ပြာ​သာ​ဒ်​လေး​ဆောင်​ဆို​ရင် တိုက်ခန်း​ပေါင်း ​၂​၈​၀​၀​၀ ရှိ​မယ်။ ပြာ​သာ​ဒ်​တစ်​ဆောင်​တစ်​ဆောင်​ကို ရွှေ​အိုး​ကြီး​က​တစ်​လုံး​စီ။ ရွှေ​အိုး​တစ်​လုံး​စီ​ရဲ့​အဝ​ကား တစ်​ယူဇနာ​ကျယ်​မယ်။ ရွှေ​အိုး​၏​အမောက်​ကား မြေကြီး​နဲ့​အမျှ​အောက်မြေ​ကြီး​အဆုံ​ း​ထိ သုံး​လို့​မ​ကုန်​ဘူး။ ဒါ​တင်​မက​သေး​ဘူး ရွှေ​အိုး​တစ်​လုံး​စီ​မှာ ပဒေသာ​ပင်​ကြီး​ခြောက်​ပင်​စီ ပေါက်​လိမ့်​မယ်။ ပြာ​သာ​ဒ်​တစ်​ဆောင် တစ်​ဆောင်​မှာ ဆဒ္ဒန်ဆင်မင်း​ခုနစ်​ထောင် လော​ဟ​က​သိန္ဓောမြင်း တစ်​ထောင်​ဖြင့် မောင်း​နှင်​ရ​သော​ရထား​ခုနစ်​ရာ မောင်းမ​ပေါင်း​တစ်​သောင်း​ခြောက်​ေ ​ထာ​င်​က ဆို​တီးမှုတ်​ဖြေ​ဖျော်​ဖို့​ရာ ကချေသည်​အမျိုးသမီး​ခုနစ်​ထောင်​တို့​ဖြင့်​ဖျော်ဖြေ​ကြ​လိမ့်​မည်။

အ​ဇိ​တ​မင်းသား​အိမ်ထောင်​ပြု​ခြင်း...

အချိန်​တန်​လို့​အရွယ်ရောက်​တဲ့​အခါ စ​န္ဒ​မု​က္ခီ​အမျိုးသမီး​နဲ့​အိမ်ထောင်​ပြု​လိမ့်​မည်။ စ​န္ဒ​မု​က္ခီ​အမျိုးသမီး​က​လည်း သူမ​တူ နတ်​သမီး​တ​မျှ​အလွန်​လှပ​ပြီး သူ့​ရဲ့​ခန္ဓာ​ကိုယ်​အနံ့​ကား စန္ဒကူး​သရက္ခန်​အနံ့​လို​မွှေးကြိုင်​နေ​မယ်။ ခန္ဓာ​ကိုယ်​အသား​က​လည်း ဝါဂွမ်း​ကဲ့သို့ နူးညံ့​မယ်။ ခန္ဓာ​ကိုယ်​အရောင်​က ဆ​ယ့်​နှစ်​တောင်​အတွင်း မီး​မ​ထွန်း​ဘဲ အရောင်​တဝ​င်း​ဝင်း​ထိန်​နေ​မယ်။ အရိ​မေ​တ္တေ​ယျ​ဘုရားရှင်​ဟာ​ဘယ်လောက်​ဘုန်းကြီး​လိုက်​မ​လဲဆို​တာ ရှင်ဘုရင်​မဟုတ်​ဘဲ​နဲ့ အ​ဇိ​တ​မင်းသား​ဘဝ​လောက်​ရှိ​တာ​တောင်​မှ​သ​င်္ခ​စကြဝတေး​မင်း​နှင့်​တ​ကွ မြို့​ပေါင်း​ရှစ်​သောင်း​လေး​ထောင်​က ရှင်ဘုရင်​တွေ​နတ်​သား​တွေ​က ဝေ​ယျ​ဝ​စ္စ​လုပ်​ပေး​ချင်​လို့​ပြုလုပ်​ခွင့်​ပေး​ဖို့​လာ​ပြီး​တောင်းပန်​ကြ​တယ်​တဲ့။ အ​ဇိ​တ​မင်းသား​က အကျွန်ုပ်​မှာ ဖွား​ဘက်​တော် ​၁​၈ ကုဋေ​အမတ်​ကြီး​နှင့်​တ​ကွ ဆင်​မြင်း​ရဲမက်​ဗိုလ်​ပါ​တွေ ရှိ​ပါ​တယ်။ အလို​မ​ရှိ​တော့​ပါ​ဟု ပြော​လွှတ်​လိမ့်​မယ်။

သား​တော်​ဖွားမြင်​ခြင်း...

အ​ဇိ​တ​မင်းသား​ဟာ ပြသာဒ်​လေး​ဆောင်​မှာ လောကီ​စည်းစိမ်​ခံစား​နေ​စဉ်​မှာ အနှစ်​တစ်​သောင်း​ပြည့်​တဲ့​အခါ​ကျ​ရင် ဗြဟ္မာ​ဝံ​သ ဆို​တဲ့ သားယောက်ျား​လေး​မွေး​ဖွား​လိမ့်​မယ် ။

နိမိတ်​လေး​ပါး​မြင်​ခြင်း...

ဗြဟ္မာ​ဝံ​သ သားယောက်ျား​လေး​မွေး​ဖွား​ပြီး​တဲ့​အခါ ဘုရားရှင်​တို့​ရဲ့ ထုံး​တမ်း​စဉ်​လာ ဓမ္မတာ​အရ ဥယျာဉ်​က​ထွက်​စဉ်​မှာ သူအို သူနာ သူ​သေ ရဟန်း နိမိတ်ကြီးလေးပါး​တွေ့​မြင်​ရ​ရင် သံဝေဂ​တရား​တွေ​ရ​လာ​ပြီး​တော့ တောထွက်​မည့်​အကြံ​ဖြစ်​ပေါ်လာ​လိမ့်​မည်။ ဒိ​ဗျာ​ဝ​ဒါန မေ​တ္တေ​ယျ​ဗျာ​ကရဏ​ဝ​ဒါန (၃​၆-၃​၇) မှာ​ပြ​ဆို​ထား​တာ​ကတော့ သ​င်္ခ​မင်း​၏ ယဇ်​တိုင်​အပိုင်းပိုင်း​ပြတ်​သည်​ကို မြင်​ရ​ပြီး သံဝေဂ​ဖြစ်​ပြီး​တောထွက်​လိမ့်​မည်​လို့​ပြ​ဆို​ထား​တာ​ရှိ​သေး​တယ်။ ဘယ်​လို​ပုံ​နည်း​နဲ့​ဖြစ်​ဖြစ် တော​ကတော့​ထွက်​မှာ​ပါ​ပဲ။ အ​ဇိ​တ​မင်းသား တောထွက်​မယ့်​အကြံ​စိတ်​ကို သ​င်္ခ​စကြဝတေး​မင်း​က သိ​တဲ့​အခါ အ​ဇိ​တ​မင်းသား​ပျော်​အောင်ဆို​ပြီး​တော့ ရှစ်​သောင်း​လေး​ထောင်​သော ကချေသည်​တွေ​မြို့သူ မြို့​သား နိဂုံး​ဇနပုဒ်​သူ မင်းသား​မင်း​မြေး သူဌေး သူကြွယ်​စ​သော လူအ​ပေါင်း​တို့​က ပန်းနံ့သာ​စွဲ​လျက် အ​ဇိ​တ​မင်းသား​ကို ခြံရံ​ပြီး နေ​ကြ​လိမ့်​မယ်။ နတ်​ဗြဟ္မာ​တွေ​က​လည်း နတ်​တို့​ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေ​ပေါက်​ပေါက် ငွေ​ပေါက်​ပေါက် စ​သည်​တို့​ဖြင့် ဘုရားလောင်း​ပြာ​သာ​ဒ် မိုး​ကြီး​ရွာ​သကဲ့သို့ အ​ပြည့်​အလျှံ​ခြံရံ​ခစား​နေ​ကြ​လိမ့်​မယ်။ လူ့​ဘဝ ကာမဂုဏ်​ထဲ​မှာ​ပျော်​အောင်​ဖြေ​ဖျော်​နေ​ကြ​တာ။

အ​ဇိ​တ​မင်းသား​တောထွက်​တော်​မူ​ခြင်း...

အ​ဇိ​တ​မင်းသား တောထွက်​မယ်​ဆို​တဲ့ စိတ်​အကြံ​ကို သ​င်္ခ​စကြဝတေး​မင်း​နှင့်​တ​ကွ တိုင်း​သူ​ပြည်​သား လူ​တွေ​အားလုံး​သိ​သွား​ကြ​တဲ့​အခါ​မှာ ဘယ်​နေ့ ဘယ်​ရက် ဘယ်​အချိန်​မှာ အ​ဇိ​တ​မင်း တောထွက်​မယ်​ဆို​တဲ့ သ​တင်း​အ​သံ​ကို အားလုံး​သိ​သွား​ကြ​တော့ နန်းတွင်းသူ နန်းတွင်းသား မြို့သူ​မြို့​သား​တွေ တော​ရွာ​ဇနပုဒ်​က လူ​တွေ မင်းသား မင်း​မြေး သူဌေး သူကြွယ်​အစ​ရှိ​တဲ့ လူ​ပေါင်း​များ​စွာ​နှင့်​တ​ကွ စ​န္ဒ​မု​က္ခီ သား​တော် ဗြဟ္မာ​ဝံ​သ အလုပ်​အ​ကျွေး​ကချေသည်​တွေ​ရော အ​ဇိ​မင်း​ရဲ့ ပြာ​သာ​ဒ်​ထဲ​မှာ တောထွက်​ရင်​လိုက်​ဖို့​ရာ​အတွက်​ပြည့်​လျှံ​ပြီး​တော့​နေ​မယ်။ တောထွက်​မည့် အချိန်​လည်း​ရောက်​ရော လူ​ပေါင်း​များ​စွာ​ပြည့်​နေ​တဲ့ ပြာ​သာ​ဒ်​ကြီး​ဟာ ဘုရားလောင်း​တန်ခိုး​တော်​ကြာ​င့်​လည်းကောင်း စကြဝတေး​မင်း​အာဏာ​ကြောင့်​လည်းကောင်း နတ်​ဗြဟ္မာ​တို့ တန်ခိုး​တော်​ကြောင့်​လည်းကောင်း ဟ​သာ​ၤ​မင်း​ပျံ​သကဲ့သို့ ကောင်းကင်​ယံ​သို့​ပျံ​တက်​ပြီး ကံ့ကော်​ပင်​ရှိ​ရာ​အရပ်​သို့ ကောင်းကင်​ယံ​ခရီး​ဖြင့် တောထွက်​သွား​ကြ​လိမ့်​မယ်။ နတ်​ဗြဟ္မာ​များ ပို့ဆောင်​ခြင်း ကောင်းကင်​ယံ ဟ​သာ​ၤ​ပျံ ပြာ​သာ​ဒ်​ကြီး​ကို ဗြဟ္မာ​မင်း​က သုံး​ယူဇနာ ရှိ​သော​ထီး​ကို​ကိုင်​ပြီး လိုက်​မယ်။ သိကြားမင်း​က အတောင်​ခြောက်​ဆယ်​ရှိ​သော လက်ယာ​ရစ် ခရုသင်း​ကို​ကိုင်​လျက် သာဓု သုံး​ကြိမ်​ခေါ်​ပြီး​လိုက်​မယ်။ သုတ​ဝံ​နတ်​သား​က သားမြီးယပ်​ကို​ကိုင်​ပြီး​လိုက်​မယ်။ တု​သိ​တာ​နတ်​သား​က ပတ္တမြား​ယပ်​ကို​ကိုင်​ပြီး​လိုက်​မယ်။ ပ​ဥ္စ​င်္သိ​ခ​နတ်​သား​က စောင်း​ကို​ကိုင်​မယ်။ လောက​ပါ​လ​နတ်​သား​လေး​ယောက်​က သန်လျက်​ကို​ကိုင်​မယ်။ နှစ်​သိန်း​ရှစ်​သောင်း​ရှိ​တဲ့ ဘီလူး​စစ်သည်​တွေ​က လက်နက်​ကိုယ်စီ​ကိုင်​မယ်။ နတ်​သမီး​တွေ​က ရတနာ​ပု​ဋော​င်း​ကို​ကိုင်​မယ်။ အသူရာ​နတ်​တို့​က သီချင်းဆို​ပြီး​တော့ နတ်​တို့​၏ တံခွန်​ကို​ကိုင်​မယ်။ နတ်​မင်း​တို့​က ပတ္တမြား​ရှိ​သော ဆီမီး​ကို​ကိုင်​မယ်။ ဂဠုန်​တို့​က စောင်းတီး​လိုက်​မယ်။ ဂန္ဓ​ဗ္ဗ​နတ်​တို့​က စောင်းတီး​ပြီး​လိုက်​မယ်။ ဟ​သာ​ၤ​ပျံ​ကောင်းကင်​ပြာ​သာ​ဒ်​ထဲ​မှာ တောထွက်​လို့ လိုက်​ကြ​မည့် ပရိသတ်​တွေ​က ရှစ်​သောင်း​လေး​ထောင်​တဲ့။ ကောင်းကင်​ယံ​ပြာ​သာ​ဒ်​ပျံ​နဲ့ ဆွေ​စုံ​မျိုး​စုံ သား​နဲ့ မယား​နဲ့ ရှစ်​သောင်း​လေး​ထောင်​ပရိသတ်​နဲ့ အခြံအရံ​နဲ့ ကောင်းကင်​ခရီး​ဖြင့် ကံ့ကော်​ပင်​ရှိ​ရာ​သို့ တောထွက်​မှာ။ အရိ​မေ​တ္တေ​ယျ​ဘုရားရှင်​ဟာ ကံ့ကော်​ပင်​အောက်​မှာ​ပွင့်​မှာ​ပါ။ ကံ့ကော်​ပင်​ဆီ​ရောက်​တဲ့​အခါ​မှာ အ​ဇိ​တ​မင်းသား​က ကံ့ကော်​ပင်​အောက်​မှာ ဒု​က္က​ခ​ရ​စ​ရိ​ယာ​ကို ကျင့်​တော်​မူ​ပါ​မယ်။ အ​ဇိ​တ​မင်းသား​ဟာ ဒု​က္က​ခ​ရ​စ​ရိ​ယာ​ကို ခြောက်​ရက်​ကျင့်​တော်​မူ​ရုံ​မျှ​နဲ့ ဘုရား​စင်စစ်​ဖြစ်​လိမ့်​မည်။ စ​န္ဒ​မု​က္ခီ​မိဖုရား​က အဲ​ဒီ​နေရာ​မှာ​ပဲ နတ်ဩဇာ​နဲ့​ပြည့်စုံ​တဲ့ နွားနို့​ဆွမ်း​လှု​လိမ့်​မယ်။

သဗ္ဗညုတ​ဥာ​ဏ်​ရသ​ည့်​အချိန်...

ညနေချမ်း​အချိန်​ရောက်​သည့်​အခါ ကံ့ကော်​ပင်​နဲ့ မ​နီး​မ​ဝေး ရတနာ​ခုနစ်​ပါး​နဲ့​ပြည့်စုံ​တဲ့ အမြင့် ​၆​၄​တောင်​ရှိ​တဲ့ ရွှေ​ပလ္လင်​ပေါ်ပေါက်​လာ​လိမ့်​မယ်။ ထို​ရွှေ​ပလ္လင်​အထက်​ဝယ် ထက်ဝက်ဖွဲ့ခွေ​ထိုင်​နေ​တော်​မူ​လျက် အရှေ့​လောက​ဓာတ်​ကို​ကြည့်​ပြီး နတ်​ပရိသတ်​နဲ့ လူ​ပရိသတ်​တွေ​ခြံရံ​လျက် မာရ်နတ်​ရဲ့​ရန်​ကို​အောင်မြင်​လိမ့်​မယ်။ ညဉ့်​ဦး​ယံ​မှာ ပု​ဗ္ဗေ​နိ​ဝါ​သ​နု​ဿ​တိ​ဥာ​ဏ်​ကို​ရ​မယ်။ သန်းခေါင်ယံ​အချိန်​မှာ ဒိ​ဗ္ဗ​စက္ခု​ဥာ​ဏ်​ကို​ရ​မယ်။ မိုးသောက်ယံ​အချိန် အာ​သ​ဝ​က္ခ​ယ​ဥာ​ဏ်​တွေ​ရ​ပြီး​တော့ နေဝန်း​ကြီး​ပေါ်ပေါက်​လာ​တဲ့​အချိန်​ကျ​တော့ သစ္စာလေးပါး​ကို​သိ​ပြီး သဗ္ဗညုတ​ဥာ​ဏ်​ကို​ရ​မယ်။

ဘုရားပွင့်​တဲ့​ကံ့ကော်​ပင်​ရဲ့ လုံးပတ်​က အဲ​ဒီ​ခေတ်​အခါ​မှာ လူ​တွေ​ရဲ့ အတောင်​နဲ့ အတောင်​ခုနစ်​ဆယ်​ရှိ​မယ်။ အကိုင်း​အခက် ကိုး​ကိုင်း ခက်မ​ကိုး​ဖြာ​လို့​ခေါ်​တယ်။ ကံ့ကော်​ပင်​ရဲ့ အနံ့​တွေ​က လေအောက်​ကို​ဆယ်ယူ​ဇ​နာ လေ​အထက်​ကို ဆယ်ယူ​ဇ​နာ​မွှေး​မယ်။ ကံ့ကော်​ပွင့်​တွေ​က နွား​လှည်း​ဘီး​လောက်​ကြီး​မယ်။ ဘုရား​ဖြစ်​တဲ့​နေ့​က​စ​ပြီး ပွင့်​ကြ​တဲ့ ကံ့ကော်​ပွင့်​တွေ​ဟာ ဘုရား​ပရိနိဗ္ဗာန်စံ​တဲ့​နေ့​ကျ​မှ ကြွေ​ကြ​တော့​မှာ။ အဲ​ဒီ​ကံ့ကော်​ပင်​ကို ဘယ်​ငှက်​မှ မ​နား​ဝံ့​ကြ​ဘူး။ ဖြတ်​ကျော်​မ​ပျံ့​ဝံ့​ကြ​ဘူး။ ကံ့ကော်​ပင်း​နား​ရောက်​တဲ့​ငှက်​တို င်း သတ္တဝါ​တိုင်း ကံ့ကော်​ပင်​ကို လက်ယာ​ရစ်​သုံး​ပတ်​ပတ်​ပြီး​မှ သွား​ကြ​လိမ့်​မယ်။ ဗြဟ္မာ​မင်း​က တရားဟော​ရန် တောင်းပန်​ခြင်း အဲ​ဒီ​ကံ့ကော်​ပင်​ရဲ့ အနီး​အနား​မှာ​ပဲ သီတင်းသုံး​နေ​တဲ့​အချိန် လေး​ဆ​ယ့်​ကိုး​ရက်​ကျော်​လွန်​တဲ့​အခါ ပွင့်​တော်​မူ​သွား​ကြ​တဲ့ ဘုရားရှင်​တိုင်း​ရဲ့ ထုံး​တမ်း​အစဉ်​အလာ​အရ ဗြဟ္မာ​မင်းကြီး​ရဲ့​လောက​ဂရု​ကို ခံယူ​မယ်။ ဗြဟ္မာ​မင်း​က​တောင်းပန်​မှ တရားဟော​ရ​တာ​က ပွင့်​တော်​မူ​သွား​ကြ​တဲ့ ဘုရားရှင်​တိုင်း​ရဲ့ ဓမ္မတာ​ဖြစ်​လို့ ဟော​ရ​တာ။ ဘုရား​မ​ပွင့်​မီ ​ဗာ​ဟိ​ရကာ​လ​မှ လူ​ဝတ်ကြောင်​များ ရသေ့ ပရိ​ဗို​ဇ် ရဟန်း ပုဏ္ဏား​တို့​တွေ​ဟာ ဗြဟ္မာ​တွေ​ကို​သာ အလေး​ဂရုပြု ကိုးကွယ်​နေ​ကြ​တာ။ တ​လောက​လုံး​က အလေး​အမြတ်​ပြု​သော ဗြဟ္မာ​ကြီး​က မြတ်​စွာ​ဘုရား​အား အလေးပြု ညွှတ်​တွား​ကိုင်း​ရှို​င်း​လာ​လျှင် တစ်​လောက​လုံး​ပင် မြတ်​စွာ​ဘုရား​ကို အလေးပြု​ညွှတ်​တွား​ကိုင်း​ရှို​င်း​လာ​လိမ့်​မယ်။ အဲ​ဒါ​ကို လောက​ဂရု ယူ​လိုက်​တာ​လို့​ခေါ်​တယ်။

ဓမ္မ​စကြာ​တရားဟော​ကြွ​ခြင်း...

ဗြဟ္မာ​မင်း​ထံ​မှ တရားဟော​ရန်​ဝန်ခံ​ပြီး​ပြီ​ဆို​လျှင်​ပဲ ဣ​သိ​ပ​တန​ဥယျာဉ်​တော​သို့ ဓမ္မ​စကြာ​တရားဟော​ဖို့​ရန်​ကြွ​လိမ့်​မယ်။ ဘုရားရှင်​ခြေ​တော်​အစုံ​ကို ခံ​အံ့​သော​ငှာ မြေကြီး​ကို​ခွင်း​ပြီး အတောင်​သုံး​ဆယ်​ရှိ​တဲ့ ကြာ​ပွင့်​ကြီး ​၂​၄ တောင်​ရှိ​တဲ့ ကြာ​ပွင့်​ငယ်​တွေ​က ဘုရားရှင်​ခြေ​ချ​တိုင်း ခြေ​ချ​တိုင်း ပွင့်​ပေး​လိမ့်​မယ်။ လူ​ပရိသတ် ရှစ်​ယူဇနာ နတ်​ပရိသတ် စကြာ​ဝ​ဠာ​တိုက်​အ​ပြည့် ဗြဟ္မာ​ပြည်​အထက်​ဆုံး အက​နိ​ဋ္ဌ​ဘုံ​တိုင်အောင် ပရိသတ်​တွေ​ကို ထန်းသီး​လုံး​လောက်​ကြီး​သော ရောင်ခြည်​တော် ခြောက်​ပါး​လွှတ်​ပြီး ဓမ္မ​စကြာ​တရားဟော​တဲ့​အခါ​မှာ လူပု​ဂ္ဂို​လ် ကုဋေ​တစ်​သိန်း နတ်​ဗြဟ္မာ​တွေ​က ကုဋေ​တစ်​သိန်း ကျွတ်​တမ်း​ဝင်​ကြ​လိမ့်​မယ်။

ဘုရားရှင်​၏​တန်ခိုး​တော်...

ဘုရားရှင်​၏​တန်ခိုး​တော်​ကြောင့် ရွှေပန်း​ဆိုင်း ငွေပန်း​ဆိုင်း ပုလဲ​ပန်းဆိုင်း သန္တာ​ပန်းဆိုင်း​တို့​ဖြင့် တန်ဆာ​ဆင်​လျက် ရတနာ​ခုနစ်​ပါး​နှင့် ပြည့်စုံ​ပြီး ဆ​ယ့်​နှစ်​ယူဇနာ​ကျယ်ဝန်း​တဲ့ ဗိ​မာန်​မျက်နှာ​ကျက်​သည် ဓမ္မ​စကြာ​တရား​ဦး​ဟော​သည့်​နေ့​မှ​စ​ပြီး ပရိနိဗ္ဗာန်​ဝင်​စံ​သည့်​တိုင်အောင် နေ့​ည​အ​မြဲ​ပင်​လိုက်​ပါ​ပြီး မျက်နှာ​ကျက်​အဖြစ် မိုးကာ​ပြီး​နေ​မယ်။ အရိ​မေ​တ္တေ​ယျ​ဘုရား နေ​သန့်စင်​သော​အခါ နေ​ဖို့​ရာ​အတွက် မြေကြီး​တို့​ကို​ခွဲ​ပြီး ရတနာသုံးပါး​နှင့်​ပြည့်စုံ​သော ​၁​၂ ယူဇနာ​ကျယ်ဝန်း​တဲ့ ရွှေမ​ဏ္ဍ​ပ်​ကြီး​ပေါ်ပေါက်​လိမ့်​မယ်။ ဘုရားရှင်​တန်ခိုး​တော်​ကြောင့် မိ​တာ​န်​ပန်းဆိုင်း တု​ရင်​တိုင် ထီး တံခွန် ဆီမီး တန်ဆောင်း ရတနာ​မဏ္ဍပ်​ကြီး​ဟာ ဘုရားရှင်​တရားဟော​ရာ ဌာန​တိုင်း​မှာ အိမ်​မှာ​ဟော​မယ်​ဆို​ရင် အိမ်​ပေါက်​ဝ ကျောင်း​မှာ​ဟော​မယ်​ဆို​ရင် ကျောင်း​ပေါက်​ဝ မြို့​မှာ​ဟော​မယ်​ဆို​ရင် မြို့​မှာ တော​မှာ​ဟော​မယ်​ဆို​ရင် တော​မှာ စ​တဲ့ ဟော​တဲ့​နေရာ​တိုင်း​မှာ ကောင်းကင်​ယံ​က​နေ​ပြီး အ​မြဲ​တမ်း ပရိနိဗ္ဗာန်စံ​အထိ ​လ်ို​က်​ပါ​နေ​မှာ။

ရုပ်​မြင်​သံ​ကြား​မေ​တ္တေ​ယျ​ဘုရား...

အရိ​မေ​တ္တေ​ယျ​ဘုရား တရားဟော​တဲ့​အခါ ဘယ်​မြို့ ဘယ်​ဒေသ ဘယ်​အရပ် ဘယ်​ရွာ​ဒေသ ဇနပုဒ် အိမ်​က​ပဲ​ဟောဟော စကြဝဠာတိုက်​တစ်​သောင်း​လုံး ဘုရားရှင်​ရဲ့ တရားဟော​အ​သံ​ကို​ကြား​နေ​ရ​မယ်။ ဘုရားရှင်​ရဲ့ ပုံ​သဏ္ဌာန်​ကို​လည်း​မြင်​နေ​ရ​မယ်။ ရုပ်​လည်း​မြင်​ရ​မယ် အ​သံ​လည်း​ကြား​ရ​မယ်။ မ​မြင်​ချင်​လို့ မျက်စိ​မှိတ်​ထား​လည်း မ​ရ​ဘူး။ မ​ကြား​ချင်​လို့​နား​ပိတ်​ထား​လည်း​မ​ရ​ဘူး။ ဘုရားရှင်​ရဲ့​တန်ခိုး​တော်​ကြောင့် ​၃​၁ ဘုံ​အကာအရံ​မ​ရှိ ဖီလာ​ထုတ်ချင်း​ပေါက်​မြင်​ကြ​ရ​မှာ။ အပေါ်​ကြည့်​ရင် နတ်​သား နတ်​သမီး ဗြဟ္မာ​တွေ​မြင်​ရ​မယ်။ အောက်​ငုံ့​ကြည့်​ရင် ငရဲ​ပြည်​မှာ ခံစား​နေ​ရ​တဲ့ ငရဲ​ဒုက္ခ​မျိုး​စုံ​ကို​မြင်​ရ​တော့ ငရဲ​ရောက်​အောင် အကုသိုလ်​တွေ​ပြု​ရဲ​ဖို့​မ​ရှိ​တော့​ဘူး။ အရိ​မေ​တ္တေ​ယျ​ဘုရားရှင်​ရဲ့​တန်ခိုး​တော်​ကြောင့် ယောက်ျား​ဆို​ရင် နတ်​သား​လို မိန်းမ​ဆို​ရင် နတ်​သမီး​လို ချောမော​လှပ​တွေ​ချည်း​ဖြစ်​ရာ ရုပ်​မ​ချော အင်္ဂါ​မ​စုံ​တစ်​ယောက်​မှ​မ​ရှိ။ အ​ကုန်း​အကွ အက​န်း အ​နူ​အ​ဝဲ​ရောဂါသည်​တွေ လုံး​ဝ​မ​ရှိ။ အသက်​ငါးရာ​ပြည့်​တဲ့​အရွယ်ရောက်​ရင် အမျိုးသား အမျိုးသမီး​တွေ အိမ်ထောင်​ပြု​ကြ​လိမ့်​မယ်။ ဇနီးမောင်နှံ​နှစ်​ဦး ခိုက်ရန်​ဒေါသ​မ​ရှိ ပြဿနာ​မ​ရှိ ကွဲကွာ​သွား​ခြင်း​လည်း​မ​ရှိ။ အ​မြဲ​အဆင်​ပြေ​မယ်။ ရာ​သက်​ပန်​ပေါင်းသင်း​ရ​မယ်။ အမျိုးသမီး​တိုင်း​မှာ ပတ္တမြား​နား​တောင်း လက်​စွပ် လက်ကောက် ခြေ​ကျင်း​စ​သည်​တို့​ဟာ ရွှေ​အိုး​ကြီး​တွေ​ထဲ​က ကြိုက်​နှစ်သက်​ရာ ယူ​ဝတ်​ကြ​မှာ။ ရွှေမ​ဝတ်​နိုင်​တဲ့​သူမ​ရှိ​ဘူး​တဲ့။ စားစရာ​ပဒေသာ​ပင်​တွေ​မှာ ယူစား​ချင်​တဲ့​အချိန်​ယူစား​လို့​ရ​တယ်။ ကျန်းမာ​ရေး​အနေ​နဲ့​ကြည့်​မယ်​ဆို​ရင်​လည်း ဘာ​ရောဂါ​မှ​ကို​မ​ရှိ​ဘူး။ နေ့​ည​ခွဲ​မ​ရ အရိ​မေ​တ္တေ​ယျ​ဘုရားရှင်​ရဲ့ တန်ခိုး​တော်​ကြောင့် ကမ္ဘာ​လော​ကြီး​ဟာ နေ့​အခါ ည​အခါ​ရယ်​လို့​မ​ရှိ နေ့​ရော​ည​ပါ အ​မြဲ​တမ်း​လင်း​ထိန်​ပြီး​တော့ မနက်​ပွင့်​တဲ့​ပန်း ည​ပွင့်​တဲ့​ပန်း မနက်​ပန်း ည​ပန်း ကြက်တွန်​သံတွေ​ကို ကြည့်​ရှု​နားထောင်​ပြီး နေ့​ည​ခွဲ​ယူ​ရ​လိမ့်​မယ်။ ပရိနိဗ္ဗာန်စံ​မည့်​အရွယ် မြတ်​စွာ​ဘုရားရှင်​ဟာ ဘုရား​ဖြစ်​တော်​မူ​ပြီး​တဲ့​အချိန်​က​စ​ပြီး ကုဋေ​ခုနစ်​ရာ​သော ပရိသတ်​တို့​ကို ချေ​ချွတ်​တော်​မူ​ပြီး​လျှင် အနှစ်​ရှစ်​သောင်း​ပြည့်​တဲ့​အချိန်​မှာ ပရိနိဗ္ဗာန်စံ​ဝင်​လိမ့်​မယ်။ ဒါ​ပေ​မယ့် သာသနာ​တော်​က အနှစ်​နှစ်​သိန်း​ခြောက်​သောင်း ပြည့်​တဲ့​အခါ ဘ​ဒ္ဒ​ကမ္ဘာ​ကြီး​သည် အချိန်​တန်​လျှင် ပျက်​ပြီး ကမ္ဘာ​တစ်​သိန်း​ကာလ​လုံး ဘုရား​မ​ပွင့်​တော့​ဘူး​တဲ့။ ဘုရား​မ​ပွင့်​တဲ့ ကမ္ဘာ​တစ်​သိန်း​ကျော်​လွန်​သော​အခါ မ​ဏ္ဍ​ကမ္ဘာ​ဖြစ်​ပြီး​တော့ ဥ​တ္တ​ရာ​မမ​င်း​သည် ရာ​မ​သ​မ္ဗု​ဒ္ဓ​ဘုရား​ဖြစ်​လိမ့်​မယ်။ ပ​သေ​န​ဒီ​ကောသ​လမင်း​က ဓမ္မရာဇာ​ဘုရား​ဖြစ်​လိမ့်​မယ်။ အဲ​ဒီ မ​ဏ္ဍ​ကမ္ဘာ​မှာ​ဘုရား​နှစ်​ဆူ​ပွင့်​ပြီး ပျက်စီး​သွား​တဲ့​အခါ သာ​ရ​ကမ္ဘာ​ဖြစ်​ပေါ်​ပြီး အဘိ​ဘူ​ဘုရား​တစ်​ဆူ​သာ​ပွင့်​လိမ့်​မယ်။ သာ​ရ​ကမ္ဘာ​ပျက်​ပြီး ကမ္ဘာ​တစ်​သိန်း​ဘုရား​မ​ပွင့်​ဘဲ​နေ​ပြီး​တော့ ကမ္ဘာ​တစ်​သိန်း​ကျော်​လွန်​သော​အခါ ဖြစ်​ပေါ်လာ​မယ့် ကမ္ဘာ​များ​မှာ ဒီဃ​သော​နိ​အသူရိန်​နတ်​သား စ​န္ဒ​နီ​ပုဏ္ဏား၊ သု​ဘ​လုလင် တော​ဒေ​ယျ​ပုဏ္ဏား ၊ နာ​ဠာ​ဂီ​ရိ​ဆင်​မင်း ပ​လ​လေ​ယ​ဆင်​မင်း​တို့ အစဉ်​အတိုင်း ဘုရား​ဖြစ်​လိမ့်​မယ်။ အရိ​မေ​တ္တေ​ယျ​ဘုရားဖူး​မြော်​ရန် ပြုလုပ်​ရ​မည့်​ကုသိုလ် ယခု​ကြုံတွေ့​နေ​ရ​တဲ့ ဂေါတမ​မြတ်​စွာ​ဘုရား သာသနာ​ကာလ​အတွင်း​မှာ ကိုယ်တိုင် ရဟန်း​သာမဏေ သီလ​ရှင်​ဝတ်​ပြီး ပရိယတ် ပဋိပတ် သာသနာပြု​နေ​တဲ့​ပုဂ္ဂိုလ် မိမိ​ရင်​မှ​ဖြစ်​တဲ့​သား သူတစ်ပါး​ရင်​မှ​ဖြစ်​တဲ့​သား​တွေ​ကို ရဟန်းခံ​ပေး​ခြင်း ရှင်ပြု​ပေး​ခြင်း​ပြု​တဲ့​ပုဂ္ဂိုလ် မိ​ခင်​ဖ​ခင်​ကျေးဇူးရှင်​တွေ​ကို ဝတ်​ကျေ​တမ်း​ကျေ​မဟုတ်​ဘဲ စိတ်ပါ​လက်​ပါ​ပြုစု​လုပ်ကျွေး​သော​ပုဂ္ဂိုလ် သရဏဂုံ​သီလ​မ​ပြတ်​ဆောက်တည်​သော​ပုဂ္ဂိုလ် ဘုရား​သာသနာတည်​စိမ့်​သော​ငှာ စေတီပုထိုး စည်း​ခုံ ဥ​မင်​လို​ဏ်​ခေါင်း ဇရပ်​စ​သည်​တို့​ကို ပြုပြင်​တဲ့​ပုဂ္ဂိုလ် အသစ်​ဆောက်​လုပ်​လှု​ဒါ​န်း​တဲ့​ပုဂ္ဂိုလ် ​ဗော​ဓိ​ညောင်​ပင်​စိုက်ပျိုး​သော​ပုဂ္ဂိုလ် ညောင်ရေ​သွန်းလောင်း​သော​ပုဂ္ဂိုလ် ရေတွင်း ရေအိုင် ရေကန် စတုဒိသာ​ကျောင်း​ဇရပ် တံတား​ျ႔​ပု​ပြင်​သော​ပု​ ၢိဳ​လ် အရုဏ်ဆွမ်း နေ့​ဆွမ်း​မ​ပြတ်​လောင်း​လှု​သော​ပုဂ္ဂိုလ် ရဟန်း​တို့​အား​ပစ္စည်း​လေး​ပါး​တို့​ဖြင့်​ထောက်ပံ့​လှု​ဒါ​န်း​သော​ပုဂ္ဂိုလ် ကမ္မဌာန်း​ဘာဝနာ​ပွား​များ​အားထုတ်​သော​ပုဂ္ဂိုလ်…. အဲ​ဒီ ပုဂ္ဂိုလ်​တွေ​အားလုံး ဧကန်​မုချ မ​လွဲ​မ​သွေ မြေကြီး​လက်ခတ်​မ​လွဲ အရိ​မေ​တ္တေ​ယျ​မြတ်​စွာ​ဘုရား​ကို ဖူးမြော်​ရ​ပြီး နိဗ္ဗာန်​ကို​ရ​မယ်။ အဲ​ဒါ​က ဂေါတမ​မြတ်​စွာ​ဘုရား​ကိုယ်တိုင်​ပြော​ပြ​ခဲ့​တဲ့ ကုသိုလ်​တွေ​ဖြစ်​ပါ​တယ်။

အရိ​မေ​တ္တေ​ယျ​မြတ်​စွာ​ဘုရားလောင်း​ပြော​ပြ​ခဲ့​တဲ့ ကုသိုလ်​တွေ​ကတော့….. မဟာ​ဝေ​သ​န္တ​ရာဇာ​တ်​တော်​ကို နေ့ချင်း​ကုန်​အောင်​နာ​ကြား​ကြ​သော​သူ​တို့​သည် ကျွန်ုပ်​ဘုရား​မ​ဖြစ်​မီ​အကြား သံသရာ​၌ ကျင်လည်​လေ​သ​မျှ​မှာ​လည်း စိတ်​နှင့်​ကိုယ်​ကို အစိုးရ​၍ လူကောင်း နတ်​ကောင်း စည်းစိမ်​ကောင်း​ကို ခံစား​ရ​ပြီး ကျွန်ုပ်​ဘုရား​ဖြစ်​သော​အခါ ရှေးဦးစွာ ဖူး​တွေ့​ရ​၍ ပ​ဋိ​သ​မ္ဘိ​ဒါ​ပညာ​လေး​ပါး​နှင့်​တ​ကွ ရဟန္တာ​အဖြစ်​ကို မချွတ်မလွဲ​ရ​နိုင်​ပါ​လိမ့်​မယ်​လို့ ရှင်​မာ​လဲ​မထေရ်​မြတ်​အား အရိ​မေ​တ္တေ​ယျ​မြတ်​စွာ​ဘုရားလောင်း​က ပြော​ပြ​တော်​မူ​ခဲ့​ပါ​တယ်။

လူ​နတ်​ဗြဟ္မာ​သတ္တဝါ​အပေါင်း နှလုံး​စိတ်​ဝမ်း​အေးချမ်း​ပြီး ရောဂါ​ခပ်သိမ်း​ကင်း​ဝေး​နိုင်​ကြ​ပါ​စေ...

**  ကိုကိုဇော် ( BE-EC )

# ကိုဝင်းဘလော့မှ ဓမ္မအလှူကို ပြန်လည်မျှဝေပါသည်။

ကျွန်တော် ဒီပို့စ်ကို ဘလော့ရဲ့ ရှေ့ဆုံးမှာ အမြဲထားပါမယ်။ ပို့စ်ကို ပထမဆုံးရေးသားသော်သူနှင့် ကျွန်တော်ရယူခဲ့သော ကိုဝင်းကမ္ဘာကျော် ဘလော့ကို အမြဲ အထူးကျေးဇူးတင်နေပါ့မည်။

1 comment:

  1. အရိ​မေ​တ္တေ​ယျ​မြတ်​စွာ​ဘုရား ကို ဖူး​ခွင့်​ရ​မည့် ပုဂ္ဂိုလ်​များ ~ ထားဝယ်သား >>>>> Download Now

    >>>>> Download Full

    အရိ​မေ​တ္တေ​ယျ​မြတ်​စွာ​ဘုရား ကို ဖူး​ခွင့်​ရ​မည့် ပုဂ္ဂိုလ်​များ ~ ထားဝယ်သား >>>>> Download LINK

    >>>>> Download Now

    အရိ​မေ​တ္တေ​ယျ​မြတ်​စွာ​ဘုရား ကို ဖူး​ခွင့်​ရ​မည့် ပုဂ္ဂိုလ်​များ ~ ထားဝယ်သား >>>>> Download Full

    >>>>> Download LINK

    ReplyDelete