Thursday, December 13, 2012

MEMORY STICK ကို ဖွင့်မရသောအခါ


















ကွန်ပျူတာထဲကို ဗိုင်းရပ်စ်တွေကိုက်သွားတဲ့အခါ။ ဒါမှမဟုတ် ကိုယ့် Memory Stick ကို အခြားစက်မှာ ထိုးမိပြီး

မိမိစက်ကိုပြန်ထိုးလိုက်တဲ့အခါ လျှို့ဝှက် Script တစ်ခုက မိမိကွန်ပျူတာထဲကို လျှို့ဝှက်ဝင်ရောက်သွားပါတယ်။

အဲဒီ Script ကဗိုင်းရပ်စ်လဲမဟုတ်ပြန်ပါဘူး။သူက Autorun ကနေတစ်ဆင့် ၀င်ရောက်သွားတာပါ။ ဘာဘဲဖြစ်
ဖြစ် အခြားသောအကြောင်းအမျိုးမျိုးကြောင့် USB Memory Stick ထဲကဖိုင်တွေကို ကော်ပီလုပ်မရ..ဖျက်မရ

တော့ဘဲ..Write Protect ဆိုတဲ့ Error ဖြစ်ပေါ်လာရပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်း

မသိအောင် ဖြစ်ရတော့တာပါဘဲ။ ကိုယ်တိုင်လဲ..ကြုံခဲ့ရဘူးပါတယ်။ဒါကြောင့်

လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနည်းလေးကို ရေးပြပေးလိုက်ရပါတယ်။

ပထမဆုံး..Start>Run(box) မှာ regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါမယ်။ အဲဒီထည်းမှာမှ.

HKEY_LOCAL_MACHINE>>System>>CurrentControlSet>>Control>>StorageDevicePolicies

ထိရောက်အောင် အဆင့်ဆင့်သွားပါ။ ရောက်ရင် ညာဘက်အခြမ်းမှာ WriteProtect ဆိုတဲ့ အပြာရောင်ဖိုင်လေး

တစ်ဖိုင်ကို နှစ်ချက်ကလစ်ပြီးရင် Value Data ‘1’ ဆိုတာကို ‘0’ လို့ပြန်ပြောင်းပေးလိုက်ပါ။ ပြီးရင် Registry

Editor မှအပြီးထွက်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ။ ပြီးရင် ပြန်စမ်းကြည့်ပါ။ Write Protect ဆိုတဲ့

Error မပေါ်တော့ပါ/

Memory Stick ပျက်စီးနေပြီဆိုရင်တော့ အထက်ပါနည်းလဲ အသုံးမဝင်တော့ပါ။

0 comments:

Post a Comment