Software Install လုပ်သူတော်တော်များများ ကြုံဖူးတဲ့ ပြဿနာပါ ။
Software Installer ကို Install လုပ်ဖို့အတွက် Double Click ခေါက်ပေမယ့် ဘာမှကိုတက်မလာတဲ့ပြဿနာပါ ။
ကျွန်တော်ကတော့ အဲ့လို အလုပ်မလုပ်တဲ့ Installer ကို အောက်ပါအတိုင်းဖြေရှင်းပါတယ် ။
Installer >Right Click > Troubleshoot compatibility > ဆိုတာကို Click လုပ်ပါက
Program compatibility Process Run လာပါမည် ခဏတော့စောင့်ရပါသည် ။
ခဏစောင့်ပြီးပါက Select Troubleshoot Option ဆိုသောစာသားခေါင်းစဉ်အောက်မှာ
Try Recommended Setting , Troubleshoot Program တို့ကိုတွေ့ရမှာပါ ။
Try Recommended Setting ကို Click လုပ်ပါက Win XP SP 2 ပုံစံနဲ့ Installer ကို Run ပေးမှာပါ ။
Installer ကို Run ရန် Start the program ဆိုတာကို Click ပေး၍ Run နိုင်ပါတယ် ။
Troubleshoot Program ကို Click လုပ်ပါက Installer ကိုဘာ့ကြောင့် Run လို့မရသလဲဆိုပြီးမေးခွန်းများကို မေးပြီး တစ်ခုခုကို Check လုပ်ပြီး Next ကိုနှိပ်ပါက Win OS Versions မျိုးစုံထဲမှာမှ ဘယ် OS Version နှင့် Run လိုသလဲလို့မေးသောနေရာရောက်သွားပြီး ကြိုက်နှစ်သက်ရာ OS Version နှင့် Run ၍ Installer ပြဿနာကို ဖြေရှင်းနိုင်ပါတယ် ။
** Htar Waie Thar **
တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။
0 comments:
Post a Comment