Saturday, December 1, 2012

Memory Stick သုံးစွဲရာတွင် ရှောင်သင့်၊ဆောင်သင့်သည့် အချက်များ



















ကျနော်တို့ Memory Stick တွေကို သုံးစွဲရာမှာ ရှောင်သင့်၊ဆောင်သင့်တဲ့ အချက်နည်းငယ် ရှိတယ်ဗျ...

ကျွမ်းကျင်တဲ့သူတွေက Memory Stick တွေကို သုံးစွဲရာမှာ ဘာမြှပဿနာ မတက်သော်လည်း ကွန်ပျူတာကို စမ်းသပ်သုံးစွဲသူတွေအတွက်ကတော့ အမှတ်တမဲ့ ဖြစ်တက်တဲ့အတွက်ကြောင့် ဒီ Post လေးကို ရေးသားလိုက်ပါတယ်...

။  ။တခါတလေ ကျနော်တို့ Stick တွေကို ကွန်ပျူတာကို ထိုးလိုက်တဲ့အချိန်မှာ မူရင်းပေါ်နေကျ Auto Play Box လေးမကျလာပဲ  " Scan and Fix Problem for your disk " ကဲ့သို့သော Box အသေးလေးတခု ပေါ်လာတက်တဲ့တယ်ဗျ...

တချို့တလေက အဲဒီ Box ကို Cancel လုပ်တက်ကြတယ်...လုံးဝကို Cancel မလုပ်သင့်တဲ့အချက်ပါ...

Sitck ကို ကွန်ပျူတာနဲ့ထိုးလိုက်လို့ " Scan and Fix Problem for your disk " ကဲ့သို့သော Box လေးပေါ်လာတဲ့ အကြောင်းက ကိုယ်ရဲ့ Memory Stick မှာ ပြဿနာ တခုခုရှိလို့ သတိပေးတာပါ...

အဲ့ဒီတော့ ကျနော်တို့က Cancel မလုပ်ပဲ  " Scan and Fix Problem for your disk " ခေါင်းစဉ်လေးကို Click နှိပ်ပြီး Scan လုပ်သင့်ပါတယ်...

အကယ်၍ Cancel လုပ်လိုက်ပြီးမှ Scan Disk လုပ်မယ်ဆိုရင်လည်း ရတဲ့နည်းလမ်း ရှိပါတယ်...

အရင်ဆုံး Scan လုပ်မယ့် USB Drive ကို Right Click ထောက့် ပေါ်လာတဲ့ Box မှာ Properties ကို Click လုပ်ပါက USB Drive ရဲ့ Properties Box ကို General Tab နဲ့ ပေါ်နေတာကို တွေ့ရမှာပါ...Scan Disk လုပ်ဖို့အတွက် "Tool"  ဆိုတာလေးကို Click ပေးလိုက်ပါက အဲဒီမှာ "Check Now"  ဆိုတာလေးက Scan Disk and Check လုပ်လို့ရမယ့် Function လေးဖြစ်တဲ့အတွက် အဲ့ဒီ Function ကလည်း USB Disk လေးကို Check လုပ်လို့ ရပါတယ်ခင်ဗျာ...

။  ။နောက်တခုက Safe Remove Hardware လုပ်တဲ့ ကိစ္စပါပဲ...

ကျနော်တို့က Stick ကို ကွန်ပျူတာမှာ ကိုယ်သုံချင်တာသုံးပြီးရင် ဒီအတိုင်းကြီး Stick ကိုကွန်ပျူတာက ဆွဲမထုတ်သင့်ပါဘူး...ကွန်ပျူတာက Stick ကိုဆွဲထုတ်ချင်ပါက Safe Remove Hardware လုပ်ရပါမယ်...

 Safe Remove Hardware လုပ်လို့ရတဲ့နည်းလမ်းတွေက

၁) USB Disk ကို Right Click လုပ်ပြီးပေါ်လာတဲ့ Box က "Eject " ဆိုတာလေးကို Clcik ပေး၍ Safe Remove Hardware လုပ်လို့ရပါတယ်...

၂) Task Bar ညာဘက်ခြမ်းက USB Disk ပုံစံလေး ကို Left Click ပေး၍လည်း Safe Remove Hardware လုပ်လို့ရပါတယ်...

၃)USB Disk Eject လုပ်ပေးတဲ့ Software တခုခုကို သုံးစွဲ၍လည်း Safe Remove Hardware လုပ်လို့ရပါတယ်...

 နောက်ပြီး Stick ထဲက Files , Folder တွေကိုကွန်ပျူတာမှာ Run နေရင် Safe Remove Hardware လုပ်လို့မရဖြစ်တက်ပါတယ်...

Run နေတဲ့ File, Folder တွေကို ပထမဆုံးပိတ်ပြီးမှ Safe Remove Hardware လုပ်သင့်ပါတယ်ခင်ဗျာ...

USB Drive ကို ကွန်ပျူတာက Scan လုပ်ခိုင်းရက်သားနဲ့ Scan မလုပ်တာတို့ Safe Remove Hardware မလုပ်တာတွေက ရေရှည်မှာ ကိုယ့်ရဲ့ Memory Stick ကို ထိခိုက်လာစေနိုင်တဲ့ အကြောင်း ကျနော်သိသလောက်ကို ရေးသားလိုက်ပါတယ်...

                                                                                    **  Htar Waie Thar  **

ကျနော့်ကို တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ်...

0 comments:

Post a Comment