Software Installation က ကွန်ပျုတာအသုံးပြုတဲ့ သူတွေနဲ့ မစိမ်းဘူးဗျ...
တော်တော်များများကတော့စမ်းသပ်ကြည့်ဖူးတဲ့ လူတြွေကီးပဲ...ကျွမ်းကျင်တဲ့ လူတွေလည်းအများကြီးပါပဲ...
ကျနော်လည်းစမ်းပြီး Install လုပ်ကြည့်တာပေါ့ဗျာ...
တချို့ Software တွေက လွယ်လွယ်လေးဗျ Setup file ကို Double Click ခေါက်ပြီး Next , OK , Yes လုပ်တာနဲ့အဆင်ပြေတယ်...
တချို့ Software တွေကတော့ မရဘူးဗျ...patch file နဲ့လုပ်ရတာတို့ crack file တွေ copy, replace တို့ရှိတယ်ဗျ...
Serial ဖြည့်ရတဲ့ Software တွေလည်း တချို့ Software တွေလွယ်ပေမဲ့ နည်းနည်း ရှုပ်တဲ့ Software တွေရှိတယ်ဗျ...
နောက်ပြီးကျနော်သိလိုက်တာတွေက crack , serial ဖြည့်သုံးရတဲ့ Software တွေ Install လုပ်ရင် Online မှာ မလုပ်သင့်ဘူးဆိုတာပဲ...နောက်ပြီး Antivirus ကလည်း ကျနော့်တင်မယ် Software ရဲ့ keygen တွေ path file တွေကိုလည်း Virus ဆိုပြီးလိုက်သတ်နေတာမျိုးလည်း ရှိတယ်...
ကျနော်ကတော့ မှတ်မိသွားပြီး Software တင်ရင် Offline မှာပဲတင်တယ်...Antivirus တင်ထားတဲ့ စက်ဆိုရင် Antivirus ကို ခဏရပ်ခိုင်းပြီးမှ တင်တော့တာပဲ...
နောက်ပြီးတင်သုံးရခက်တဲ့ Software တွေအတွက်ဆိုရင် Read me ဆိုတဲ့ File လေးကိုဖတ်ပြီးလုပ်ရတာ အဆင်ပြေသွားပါတယ်...
။ ။Serial Key ဖြည့်သုံးရတဲ့ Software တွေ Install လုပ်လို့ရှိရင် Serial Key ရှာရတာလည်း မောတာပဲ...
ကျနော်တွေ့ဖူးသလောက် Serial Key တွေက Software ရဲ့ မူရင်း Folder ထဲမှာ
key.txt
serial.txt
keyfile.txt
keygen.exe
keymaker.exe
မူရင်း Folder အောက်မှာမှ crack ဆိုတဲ့ Folder လေးအောက်မှာလည်း အထက်မှာဖေါ်ပြခဲ့တဲ့ File တွေပုန်းနေတက်သေးတယ်...
key file တွေဖွင့်လိုက်ရင် တချို့ကလည်း serial key တခုတည်း တချို့က user name လေးပါ ပါတာကိုတွေ့ရတက်တယ်ဗျ...
Serial Key ဖြည့်သုံးရတဲ့ Software တွေ Install လုပ်လို့ရှိရင် တချို့ Software က Install လုပ်တာနဲ့ Serial တန်းတောင်းတော့တာပဲ...အဲ့ဒီတော့ Software ရဲ့ Folder ထဲမှာ key file လိုက်ရှာပြီး ထည့်ပေးလိုက်တော့လည်း အဆင်ပြေသွားတာပဲ...
တချို့ Software တွေက Installation Process ရဲ့ တဝက်လောက်မှာ တောင်းပြီး တချို့က Installation Process ပြီးသွားမှာ တောင်းတက်တယ်...တချို့ကျတော့ Software ကိုအသုံးပြုမှ တောင်တာတွေရှိတယ်...
တချို့ Software တွေကပိုပြီးလူလည်ကျသေးတယ် ကျနော်က Software folder လေးထဲမှာ keygen လေးတွေ့တာနဲ့ serial လေးတွေမှတ်ပြီး Software Install လုပ်တာ သူက Install လုပ်တဲ့နေရာမှာလည်း key မတောင်း လုပ်ပြီးသွားလည်းမတောင်း သုံးတော့လည်းမတောင်း နောက်ပြီး software is not register ဆိုပြီးလည်းပြောနေသေးတယ်...read me , read me သူကယ်လို့ပေါ့ Software ရဲ့ help , about တို့မှာ user name နဲ့ serial key ထည့်ပြီး register လုပ်ရမှာပါတဲ့ဗျာ...
စောစောစီးစီး သိရင်အဲ့လောက် ခေါင်းမရှုပ်ဘူး...
key file နောက်တမျိုးကိုလည်းကျနော် တွေ့ဖူးသေးတယ်...ကျနော်တွေဖူးတာ crack ဆိုတဲ့ folder ထဲ မှာဗျ...သူက system information file တဲ့ဗျာ ဖွင့်ကြည့်လိုက်တော့ ကျနော့်စက်ရဲ့ Windows တွေ Memory တွေဘာတြွေပတာပဲ...ကျနော်ကို လာကျောတာ ဘယ်ရမလဲ right click , open with , notepad နဲ့ ဖွင့်လိုက်တော့မှ serial key တွေတွေ့ရတာပါပဲ ခင်ဗျာ...
။ ။Crack ဖြည့်သုံးရတဲ့ Software တွေက တမျိုးဗျ...
Crack ဖြည့်ပြီးသုံးလို့ရတဲ့ Software ဆိုရင်တော့ Software Installation Process တလျောက်လုံးမှာ key တွေမမေးဘူးဗျ...
ပြီးသွားမှ crack လုပ်ပေးလိုက်ရုံပဲ...
Crack ဖြည့်သုံးရတဲ့ Software တွေက crack file တွေကို ကွန်ပျူတာထဲက Program File ထဲကို ကူးထည့်ပေးရတော့ Software Installation လုပ်ငန်းစဉ်တွေထဲက Software ထားမယ့်တည်နေရာကိုမေးတဲ့နေရာ ရောက်ရင် တည်နေရာကို မှတ်ထားရင် ပိုးကောင်းတယ်ဗျ...
ဥပမာ C:\Program Files\AutoCAD 2007 လိုပေါ့ဗျာ...
ကျနော်က အစကအဲလိုတွေမမှတ်တော့ crack ဖြည့်မယ်လည်းဆိုတော့ AutoCAD 2007 လိုဆိုတော့တော်သေးတယ်...တချို့ Software တွေက တည်နေရာကို နှစ်ထပ်ထားတက်တယ်...
ဥပမာ C:\Program Files\EA Games\Command and Conquer Generals လိုမျိုး...
တည်နေရာကို နှစ်ထပ်ထားတဲ့ Software မျိုးမှာ ကျနော်တော့ ခဏခဏ တိုင်ပတ်ဖူးတယ်...
Crack File အများစုကို Software Folder အောက်က Crack ဆိုတာလေးထဲမှာ ထည့်ထားတာများတယ်...
File ပုံစံတွေက
software name.exe ဆိုပြီး တော့လည်းလာတက်တယ်...အဲဒီ File က install လုပ်ရတဲ့ File မဟုတ်ဘူးဗျ...Crack File မို့ C:\Program Files\XXX ဆီသွားပြီးကူးပြီး Replace လုပ်ရမှာပါ...
xxx.dll ဆိုတဲ့ပုံစံမျိုးနဲ့ crack file လေးတွေလည်း ရှိသေးတယ်ဗျ...သူလည်း C:\Program Files\XXX ဆီသွားပြီးကူးပြီး Replace လုပ်ရမှာပါပဲ...
crack files တွေကို copy ,replace လုပ်ရတာဟာ တကယ်တော့ C:\Program Files\XXX အောက်မှာ crack file နဲ့ အမည်တူတဲ့ file လေးတွေရှိလို့ပါ...မူရင်ရှိတဲ့ File နေရာကို crack လုပ်ထားတဲ့ File အစားထိုးတာပါပဲ...
xxx-xxpatch.exe ဆိုတာလေးလဲ ရှိသေးတယ်ဗျ...အဲဒီ file ကိုလည်း C:\Program Files\XXX ကိုပဲ ကူးထည့်ရမှာပဲ...သူနဲ့ အမည်တူတာတော့ မရှိဘူးဗျ...သူကိုဖွင့်လိုက်ရင် patch ဆိုတာလေးကို click ပြီးသုံးရမှာပါ ...patch လုပ်တာအဆင်ပြေရင် patch done ဆိုတဲ့ စာလေးတွေပေါ်လာတက်တယ်ဗျ...အဲဒါဆိုရင် OK ပြီလို့ပြောတာပါပဲ...
။ ။တချို့တချို့သော Software တွေက serial key ရော crack file ဖြည့်တာရော နှစ်မျိုးလုံး လုပ်ပေးရတဲ့ Software တွေလည်း ရှိတယ်ဗျ...
Freeware တို့ Cracked Software တို့က တော့ Install လုပ်ရင်ဘာမှကိုလုပ်ပေးစရာမလိုပဲ လွယ််လွယ်ကူကူနဲ့ Install လုပ်လို့ရပါတယ်...
Trial Version Software တွေ (အချိန်အကန့်အသန့်နဲ့ပေးသုံးသော Software ) ကိုတော့ ကျနော် Time Stopper နဲ့ အချိန်ကိုရပ်ပြီးသုံးတာပဲ...Crack , key ရှာရတာ သက်သာတာပေါ့ဗျာ...
ကျနော်ကတော့ Install လုပ်တာအဆင်မပြေရင် read me file ကိုဖတ်ပြီး လုပ်ပါတယ်...နည်းမှန်သွားတာပေါ့ဗျာ...
ကျနော်လည်း ကျနော်သိသလောက် ရေးလိုက်တာလို့ ပြောကြားရင်း
** Htar Waie Thar **
ကျနော့်ကို တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ်...
0 comments:
Post a Comment