Google Chrome Browser ကို အင်တာနက် အသုံးပြုသူတိုင်းသိကြတယ်လို့ ထင်ပါတယ် ။
ကျွန်တော်လည်း လူတကာပြောလွန်းလို့ Google Chrome ကို ဒေါင်းပြီး သုံးကြည့်ပါတယ် ။
ဒေါင်းရတာတော့ သိပ်ရှာစရာမလိုပါဘူး ။
www.google.com ကို ဖွင့်လို်က်တာနဲ့ Chrome ကို ကြေငြာထားတာပါ ။အဲဒီကနေပြီး ဒေါင်းလိုက်တာပါ ။
ပထမဆုံး ကျွန်တော်ပြဿနာတက်တာက မြန်မာစာပါ ။
Chrome ကို အခုလက်ရှိ Version 23 သုံးတာပါ ။
မြန်မာစာမြင်ဖို့ ရေးဖို့အလွယ် Font လေးတွေပြောင်းလို့မရပါဘူး ။
Code တွေအချို့ထည့်ပေးရပါတယ် ။
အဲ့ဒီမြန်မာစာ မမြင်ရတာကို ကျွန်တော် Chrome နှင့် မြန်မာစာ ပို့စ်မှာ ရေးပြီးပါပြီ ။
ကျွန်တော် သုံးကြည့်သလောက်ပြောရရင် Chrome က မြန်တာတော့ မြန်တယ်ဗျ ။
သို့သော်လည်း Website တွေကို ကြည့်ရတာ နည်းနည်းထစ်နေသလိုပဲ ။
ပြီးတော့ Chrome က CPU နည်းနည်းပိုစားတယ်ဗျ ။
Taskmanager က ကြည့်လိုက်ရင် Process က ငါးခုလောက်တက်တာတွေ့ရတယ် ။
ကျွန်တော့် Processor က 1.7 GHz Dual ကတော့ မနည်းရုန်းရတယ်ဗျ ။
CPU Speed ကောင်းရင်တော့ မပြောတက်ဘူး ။
Google , Gmail တွေဖွင့်တာတော့ အတော်ကို မြန်ဆန်ပြီး Chrome ပေါ်ကနေ Gmail , Facebook အကောင့်များစွာကို Plugin မထည့်ပဲ Ctrl+N Key နှိပ်ပြီး သုံးလို့လည်းရတာတွေ့ရပါတယ် ။
သုံးစွဲသူတွေလည်း အတော်ကို များမှာပါပဲ ။
ကျွန်တော်ကတော့ လန့်နေပြီ Processor Speed မကောင်းတော့ Firefox ကိုပဲ သုံးစရာရှိတယ်။
ကြိုက်တဲ့လူတွေကို မကောင်းဘူးပြောရင် ကျွန်တော့်ကို လာသတ်မှာစိုးလို့ သိပ်ကောင်းပါတယ် ကျွန်တော့်လို CPU Speed မကောင်းတဲ့စက်ကို မဝယ်ပဲ Core i3 တို့ Dual Core ဆိုလည်း 2 GHz ကျော်တာလောက်ဝယ်ပြီး သုံးကြပါလို့ ပြောချင်ပါတယ် ။
Chrome Version အနိမ့်သုံးရင်လည်း သိပ်တော့မဆိုးဘူးဗျ ။
မြန်မာစာလည်းထည့်ရလွယ်တယ် Font လေးပြောင်းလိုက်ရုံပဲ CPU လည်းသိပ်မစားတော့ဘူးပေါ့နော့် ။
** Htar Waie Thar **
0 comments:
Post a Comment