ကျွန်တော် https://groups.google.com/forum/?fromgroups=#!topic/myanmaritmen/vGhcvzQFinE မှာ တင်ထားတာတွေ့လို့ မူရင်းရေးသားချက်အတိုင်း ပြန်တင်ပေးလိုက်ပါတယ် ။
ကျွန်တော့် Game ဆိုင်က စက်တစ်လုံး window တက်လာပြီး mouse ပဲ လှုပ်လိုရတယ်။ ဘာမှလုပ်လို ့မရတော့ဘူး။ Task Manager ပဲဖွင့်လို ့ရတယ်။
အဲ့ဒါဘာဖြစ်လဲလို ့ ကျွန်တော်လိုက်စဉ်းစားလိုက်တော့ task Manager ရဲ ့process ထဲမှာ explorer.exe ကို မတွေ ့ရတော့ဘူး။ ဒါနဲ ့ပဲ ကျွန်တော် ITmen က အကိုတစ်ယောက်ရေးတဲ ့အတိုင်း explorer.exe ကို copy ကူးတာမရဘူး။ ဒါနဲ ့ပဲ ကျွန်တော် နှစ်ရက်လောက် အဲ့ကွန်ပြူတာကို ပစ်ထားလိုက်တယ်။
ကျွန်တော် library ထဲမှာ regedit စာအုပ်တစ်အုပ်တွေ ့တော့ winlogon အကြောင်းဖတ်ကြည့်တာ အဲ့ထဲမှာ explorer.exe က regedit
ထဲမှာဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ရေးထားတယ်။ ကျွန်တော်လဲအဲ့အတိုင်းလိုက်လုပ်ကြည့်တာ အဆင်ပြေသွားတယ်။ ကျွန်တော့်စက်ထဲက
virus က winlogon ရဲ ့shell value data ကို remove လုပ်ပစ်လိုက်တယ်.။
ဘယ်လိုလုပ်ရမလဲ ဆိုတော့
၁.Window တက်လာတဲ့အခါ Task Manager ရဲ ့ new process ကနေ regedit
ကိုဖွင့်ပါ။
၂.HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion
\Winlogon ကိုရောက်အောင်သွားပါ။
၃.အဲ့ဒီအထဲမှာ shell value ကို explorer.exe လို ့ပြောင်းလိုက်ပါ။
၄.Restart လုပ်လိုက်ပါ။
အဆင်ပြေသွားမှာပါ ။
** Htar Waie Thar **
0 comments:
Post a Comment