Thursday, February 28, 2013

Gmail Account Login မှာ Verify Your Account ကိုတွေ့သောအခါ
















ကျွန်တော်တို့ Gmail Account အသုံးပြုသူများ Login ဝင်ရောက်သော အခါ တခါတရံ ကိုယ့် မေးလ်ဆီကို မရောက်ပဲ Verify Your Account ဆိုပြီး Phone ဖြင့် Activate လုပ်ခိုင်းတက်ပါတယ် ။

ကျွန်တော်လည်း ဖြစ်ဖူးပါတယ် ။

အရင်နေ့တွေအသုံးပြုတုန်းက အကောင်း နောက်နေ့ရောက်မှ အဲ့လို ဖြစ်နေပါတယ် ။

ဖြေရှင်းဖို့ ကျွန်တော် နည်းလမ်းနှစ်ခု တွေ့ပါတယ် ။

၁) Gtalk ကို ဖွင့်ပြီး ကိုယ့် Account ကို ဝင်ရောက်ပါ ။ ပြီးသွားပါက Gtalk မှာ Gmail ပုံစံလေးကို Click နှိပ်ပါက Browser Software မှာ Link တခုတက်လာပြီး အဲဒီလင့်ခ်ကသွားပါက Verify Account ကို မလုပ်ပဲရောက်သွားပါတယ် ။


၂) နောက်တနည်းက Gtalk ကို ဖွင့်စရာ မလိုပါဘူး ။

ကိုယ်အသုံးပြုသော Browser ( Firefox ) ကို History များ အကုန်ဖျက်လိုက်ပါ ။

History များကို ဖျက်ပြီးပါက Google ကို ပြန်ဖွင့်ပြီး Gmail ကို ပြန်ဖွင့်ကာ အသုံးပြုပါက ကိုယ့်မေးလ် အကောင့်ဆီကို ရောက်သွားပါတယ် ။

ကျွန်တော်ကတော့ ဒီလိုမျိုး အဖြစ်ကို ကိုယ် Login ဝင်ရောက်သော Password မှားရိုက်ပြီး နောက်တကြိမ် ပြန်ဝင်သော အခါမျိုးတွေမှာ ဖြစ်တာများပါတယ် ။


**  Htar Waie Thar

0 comments:

Post a Comment