ကွန်ပျူတာ အသုံးပြုသူများနှင့် Script Program ဆိုတာတော့ စိမ်းမယ် မထင်ပါဘူး ။
Windows OS ပေါ်တွင် အသုံးပြုသော Script Program များကို တွေ့ဖူးမှာပါ ။
*.vbs , *.cmd , *.bat စသော ဖိုင်များပါ ။
သူတို့တွေကို ကျွန်တော်တို့ ဘလော့အတော်များများက Codes သက်သက် ဖြန့်ကြသလို ရေးပြီးသားတွေလည်း မျှဝေတက်ပါတယ် ။
Script Program ဆိုတာတော့ ကျွန်တော်သိတာ Program အသေးလေးတွေပေါ့ဗျာ ။
Program Code များကို Notepad များတွင် ရေးသားပြီး File Extension ပြောင်းလဲပြီး Script Program အဖြစ်အသုံးပြုကြပါတယ် ။
လုပ်ဆောင်ချက် ကတော့ သိပ်မများပဲ Direction တခုအတွက် ရေးသားသော Program များပဲဖြစ်ပါတယ် ။
Virus Remover Tools , Setting Change , Register Editor စသော အကြောင်းအရာများကို အများဆုံးရေးသားလေ့ရှိပါတယ် ။
ကျွန်တော်တို့ ကွန်ပျူတာ Windows OS တွေမှာ Register , Group Policy , Command Prompt စသော လက်နက်များဖြင့် များစွာသော အကြောင်းအရာများ ပြောင်းလဲမှုများကို ုပြုလုပ်နိုင်တာကို ကွန်ပျူတာ အသုံးပြုသူများဖြင့် သိမှာပါ ။
ကျွန်တော်တို့ Command Prompt ဖြင့် Setting တခုကို ပြင်ဆင်ချင်ပါက Command Prompt ကို ခေါ် နောက် သက်ဆိုင်ရာ Commands များကို ရိုက်ထည့်ပြီး ကို်ယ်ပြုပြင်ချင်ရာများကို ပြုပြင်နိုင်ပါတယ် ။
Script Program တွေကလည်း ထိုအချက်ကိုပဲ အခြေခံပြီး အသုံးပြုသွားတာပါ ။
Notepad ပေါ်မှာတင် ကိုယ်အသုံးပြုချင်သော Commands များကို အဆင့်ဆင့်ရေးသားကာ Script Program ဖြစ်အောင်ဖန်တီးပါတယ် ။
ထို Script Program ကို Run ပါက Program တွင်ပါသော Command များအလုပ်လုပ်ပါတယ် ။
ပြောရမည်ဆိုရင်တော့ Command များကို တဆင့်ပြီး တဆင့်မရေးချင်ပဲ Command များကို စုစည်းကာ အသုံးပြုရလွယ်သော ပုံစံဖြစ်အောင် ဖန်တီးထားတာပါ ။
ကျွန်တော်တို့ကသာ Script Program Code များကို ရရှိပါက Notepad တွင် ကူးယူပြီး Save လုပ်သည့်နေရာတွင် File Name နေရာမှာ File Name + .vbs , .cmd , .bat စတာများကို ပြောင်းလိုက်ရုံဖြင့် Script Program ကို ရရှိပါတယ် ။
တကယ်တော့ Notepad File Format က File Name .txt ပါ ကျွန်တော်တို့က .txt ကို ကျွန်တော်တို့ လိုချင်သော .vbs , .cmd , .bat များအဖြစ်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်ပါတယ်။
** Htar Waie Thar
0 comments:
Post a Comment