ကွန်ပျူတာ Hardware အစိတ်အပိုင်းများ ဆိုတာ ကျွန်တော်တို့ ကွန်ပျူတာတွင် တပ်ဆင်ထားသော လက်ဖြင့်ထိတွေ ကိုင်နိုင်သော အစိတ်အပိုင်းများ အားလုံးကို ဆိုလိုပါတယ် ။
Hardware အစိတ်အပိုင်းများကို အဓိကအားဖြင့် လေးမျိုး ခွဲခြားနိုင်ပါတယ် ။
1 : Input Device
2: Output Device
3: Stroage Device
4: Processing Devices
1: Input Device
ကွန်ပျူတာကို အမိန့်ပေးစေခိုင်းရာတွင် အသုံးပြုသော Hardware အစိတ်အပိုင်းများကို Input Device လို့မှတ်သားလို့ရပါတယ် ။
ယနေ့ခေတ်ပေါ် ကွန်ပျူတာများမှာတော့ Mouse , Keyboard များအပြင် Touch Sensor , Voice Command , Face Command အပြင် အခြားသော Electronics အစိတ်အပိုင်းများစွာ ရှိပါတယ် ။
ကျွန်တော်တို့ တွေ့များဆုံး Input Devices တွေကတော့ Keyboard , Mouse , Scanner , Microphone စတာတွေပဲ ဖြစ်ပါတယ် ။
2: Output Device
ကွန်ပျူတာ လုပ်ဆောင်ချက်များတွင် ကိုယ်မြင်တွေ့ရသော ကိုယ်ရလိုက်သော ကိုယ်ကြားနိုင်သော အစိတ်အပိုင်းများကို Output Device လို့မှတ်လို့ရပါတယ် ။
ကျွန်တော်တို့ အများဆုံးမြင်တွေ့ရသော Output Device တွေက Monitor , Printer , Speaker စတာတွေ ဖြစ်ပါတယ် ။
3: Stroage device
Stroage Device ဆိုတာကတော့ ကျွန်တော်တို့ ကွန်ပျူတာမှာ အချက်အလက်များ သိမ်းဆည်းထားနိုင်သော မှတ်သားထားနိုင်သော Device များကို ဆိုလိုပါတယ် ။
ကျွန်တော်တို့ အများဆုံးတွေ့နိုင်တာတွေက Hard Disk Drive , Flash Disk Drive ,Flash Memory Card , CD/DVD Disc Drive , Folppy Disk စတာတွေ အပြင် နောက်ပေါ်လာသော SSD ( Solid Stage Drive ) တွေပဲဖြစ်ပါတယ် ။
4: Processing Device
Processing Device ဆိုတာတော့ ကွန်ပျူတာကို အဓိက လည်ပတ်အသုံးချနိုင်အောင် အလုပ်လုပ်နေသော အစိတ်အပိုင်းများပါ ။
ကျွန်တော်တို့ System Unit များတွင် တပ်ဆင်ထားသော CPU , RAM , Motherboard , Graphic , Sound Card , Power Supply စတာတွေ အကုန်လုံးက Processing Device တွေပါပဲ ။
ကွန်ပျူတာ စနစ်ကို အသက်ဝင်လာအောင် ပြုလုပ်ပေးသော Device များကို ဆိုလိုခြင်းဖြစ်ပါတယ် ။
Stroage Device များဖြစ်သော Hard Disk Drive , SSD Drive စတာတွေကိုလည်း Processing Device တွေထဲမှာ ထည့်သွင်းရမှာ ဖြစ်ပါတယ် ။
** ကိုကိုဇော် ( BE-EC )
0 comments:
Post a Comment